သျှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့အား TNLA အဖွဲ့က သိမ်းပိုက်ထားပြီး(၃)ရက်တာ ကာလအတွင်း မြို့အတွင်းရှိ အမျိုးသားအထိမ်းအမှတ်ကျောက်တိုင်များ၊ အထိမ်းအမှတ် အထင်ကရနေရာများအား လိုက်လံဖျက်ဆီးမှု ပြုလုပ်လျက်ရှိကြောင်း သိရသည်။ ထိုအထဲတွင် သျှမ်းတိုင်းရင်းသားများ၏ အထိမ်းအမှတ်များလည်း ပါဝင်သည်ဟု သိရသည်။
ဒါ့အပြင် နမ့်ခမ်းမြို့နယ်အတွင်းရှိ ဒေသခံများအား မကြာခင်အချိန်အတွင်း စစ်သားစုဆောင်းမည်ဟု သတင်းထွက်ပေါ်လျက်ရှိကြောင်း ဒေသခံပြည်သူလူထုများ နေ့စဉ်ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ကနဦး သတင်းရရှိသည်။