သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

တောင်ကြီး မိန်းလမ်းမပေါ်တွင် အိမ်စီးကားအရှိန်ပြင်း စွာ တိမ်းမှောက်

တောင်ကြီး မိန်းလမ်းမပေါ်တွင် အိမ်စီးကားအရှိန်ပြင်း စွာ တိမ်းမှောက်

Hsan Loi Editor
21/12/2023
Share:

 

တောင်ကြီးမြို့ ၊ မိန်းလမ်းမဘေး၊ ရွှေကျားပျံ ရှေ့တွင် ဒီဇင်ဘာ ၂၀ ( မနေ့ည) ၁၀ နာရီအချိန်ခန့်က အိမ်စီးကားတစ်စီး အရှိန်ပြင်းစွာတိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

“ အရှိန်ပြင်းပုံရတယ်ကားဘီးတွေပါ ပြုတ်ထွက်ကုန်တယ် ၊ မြို့ထဲကို အရှိန်နဲ့မမောင်းသင့်ဘူး မြင်းရုပ် ဖက်ကနေတက်လာပြီး ကျွန်းမျောနဲ့ တိုက်မိတာပဲ ကားထဲမှာလူကတော့ တစ်ယောက်တည်းပါတယ် ၊ တော်သေးတာပေါ့ တစ်ခြားယာဥ်တွေကိုမထိမိတာ ခေါင်းထိထားတယ်နဲ့တူတယ် သွေးတွေလဲ အများကြီးပဲ လူအခြေအနေတော့ မဟန်ဘူး” ဟု မျက်မြင်တွေ့ရှိသူ တစ်ဦးကပြောသည်။

 

၄င်းအိမ်စီးကားသည် အသက် ၂၀ အရွယ် လူငယ်တစ်ဦးတည်းမောင်းနှင်လာခြင်းဖြစ်ပြီး အရှိန်ပြင်းထန်မှုကြောင့် အလည်ကျွန်းမျော ပျက်စီးခဲ့ပြီး ဒဏ်ရာအပြင်းအထန်ရရှိနိုင်သော်လည်း အသက်သေဆုံးခြင်းမရှိဟု သိရသည်။

 

အဆိုပါနေရာ မကြာခဏ ယာဥ်မတော်တစ်ဆ ဖြစ်ပွားတတ်ပြီး မြို့တွင်းယာဥ်မောင်းနှင်ရာတွင် အရှိန်လျော့မောင်းနှင်သင့်ကြောင်း ဒေသခံများက သတိပေးထားသည်။

 

Photo :HLV CJ