ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

လောက်ကိုင်မြို့နယ်၊ ရန်လုံကျိုင်း နယ်စပ်ကုန်သွယ်ရေးဂိတ်ကို MNDAA က ကိုးကန့်အလံလွှင့်ထူလိုက်ပြီ

လောက်ကိုင်မြို့နယ်၊ ရန်လုံကျိုင်း နယ်စပ်ကုန်သွယ်ရေးဂိတ်ကို MNDAA က ကိုးကန့်အလံလွှင့်ထူလိုက်ပြီ

Hsan Loi Editor
19/12/2023
Share:

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့နယ်၊ ရန်လုံကျိုင်း နယ်စပ်ကုန်သွယ်ရေးဂိတ်ကို ကိုးကန့် MNDAA က သေနတ်တစ်ချက်ဖောက်ခြင်း မရှိပဲ သိမ်းပိုက်လိုက်ပြီး ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ကိုးကန့်အလံ လွှင့်တင်ထားလိုက်ပြီဖြစ်ကြောင်း သိရပါသည်။

 

လက်ရှိအချိန်တွင် MNDAA အဖွဲ့ဝင်များက လောက်ကိုင်မြို့တွင်းကို ချီတက်ဝင်ရောက်လျက်ရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်ပြည်သူ့စစ်များစွာလည်း လက်နက်ချခဲ့သည်ဟုဆိုသည်။ လောက်ကိုင်မြို့တွင် စစ်ကောင်စီ၏ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်တစ်ခုသာ ကျန်ရှိနေတော့ကြောင်း သတင်းရရှိသည်။