သျှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့ရှိ စစ်ကောင်စီဗျူဟာကုန်းအား ဒီဇင်ဘာလ(၁၅)ရက်နေ့တွင် TNLA မှ သိမ်းပိုက်နိုင်ခဲ့ပြီး အမြောက်(၂)လက်အပါအဝင် လက်နက်ခဲယမ်းများစွာ သိမ်းပိုက်ရရှိခဲ့ကြောင်း TNLA မှ ဓာတ်ပုံနှင့်တကွ ဖော်ပြလာပါသည်။
နမ့်ဆန်မြို့၌ ယနေ့အထိ စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေလျက်ရှိပြီး ပြည်သူလူထုနေအိမ်များစွာ ပျက်စီးနေပြီဖြစ်သည်။ နမ့်ဆန်မြို့တိုက်ပွဲသည် ဒီဇင်ဘာလ(၁၀)ရက်နေ့မှ(၁၅)ရက်နေ့အထိ TNLA နှင့် စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခြင်းဖြစ်သည်။
photo credit & SPM
