နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

နမ့်ခမ်းမြို့နယ် စစ်ဘေးရှောင်ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးဝါးများလိုအပ်လျက်ရှိနေ

နမ့်ခမ်းမြို့နယ် စစ်ဘေးရှောင်ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးဝါးများလိုအပ်လျက်ရှိနေ

Hsan Loi Editor
16/12/2023
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်၌ စစ်ဘေးရှောင်တစ်သောင်းကျော်အတွက် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးဝါးများ အထူးလိုအပ်လျက်ရှိကြောင်း သတင်းရရှိသည်။

 

နမ့်ခမ်းမြို့နယ် ပြည်သူ့ဆေးရုံ တိုက်ခိုက်ခံခဲ့ရသည့်အပြင် ဆေးရုံအတွင်းဆေးဝါးများအား လက်နက်ကိုင်အဖွဲ့အစည်းများက ဝင်ရောက်ယူဆောင်သွားမှုကြောင့် ဆေးဝါးပြတ်လပ်မှုပါ ဖြစ်ပေါ်လျက်ရှိသည်ဟုဆိုသည်။

 

“ တိုက်ပွဲစဖြစ်ကတည်းက ကျန်းမာရေးဝန်ဆောင်မှုပေးနေတဲ့ နေရာတွေကို လက်နက်ကိုင်တွေက ဝင်နေကြတယ်။ ပြီးတော့ စစ်ကောင်စီတပ်ဘက်ကလည်း ဆေးရုံကိုပါမချန် လက်နက်ကြီးတွေနဲ့ပစ်တော့ ဆေးရုံလည်းပိတ်ထားရတယ်။ အခုဆိုရင် နမ့်ခမ်းမှာဆရာဝန်တွေလည်းမရှိဘူး ဆေးတွေလည်းမရှိဘူး မူဆယ်မြို့ကို သွားပြရအောင်ကလည်း လမ်းတွေပိတ်ကုန်ပြီ။ ပြီးတော့ စစ်ဘေးရှောင် တစ်သောင်းကျော်အတွက် နေ့တိုင်း ဆေးဝါးတွေနဲ့ကျန်းမာရေးစောင့်ရှောက်မှုက လိုကိုလိုအပ်နေတယ်။ မန့်ဝိန်းဘက်သွားပြမယ်ဆိုရင်လည်း ဆေးရုံအဆင့်မဟုတ်တော့ အဆင်မပြေဘူး။” နမ့်ခမ်းမြို့ စစ်ဘေးရှောင်များအား ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ဆိုသည်။

 

နမ့်ခမ်းမြို့တွင် စစ်ကောင်စီတပ်နှင့် မြောက်ပိုင်းမဟာမိတ်တို့ ယနေ့အထိ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားလျက်ရှိပြီး ပြည်သူလူထုနေအိမ် (၁၅၀) ခန့် ထိခိုက်ပျက်စီးနေပြီဖြစ်ကြောင်း သတင်းရရှိသည်။