သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

RCSS/SSA ဌာနချုပ် လွယ်တိုင်းလျန်းတွင် သျှမ်းနှစ်သစ်ကူးအထိမ်းအမှတ်အခမ်းအနားအား အကျဉ်းချုံးသာ ကျင်းပပြုလုပ်

RCSS/SSA ဌာနချုပ် လွယ်တိုင်းလျန်းတွင် သျှမ်းနှစ်သစ်ကူးအထိမ်းအမှတ်အခမ်းအနားအား အကျဉ်းချုံးသာ ကျင်းပပြုလုပ်

Hsan Loi Editor
13/12/2023
Share:

 

ယနေ့ (၁၃.၁၂.၂၀၂၃) ရက်နေ့တွင် ကျရောက်သော သျှမ်းသက္ကရာဇ် (၂၁၁၈) ခု သျှမ်းနှစ်သစ်ကူး အထိမ်းအမှတ်အခမ်းအနားအား သျှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ဘေးစစ်ဒဏ်များ ခံစားနေရသော မိဘပြည်သူများအား စာနာထောက်ထားခြင်းအားဖြင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် (RCSS/SSA) ဌာနချုပ် လွယ်တိုင်းလျန်း၌ အကျဉ်းချုံးသာကျင်းပပြုလုပ်သည်။

 

အခမ်းအနား သျှမ်းတိုင်းရင်းသားတစ်ဦးဖြစ်သူ စိုင်းနော်ခေးက “နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးရောက်လာပြီဖြစ်တဲ့အတွက် အဆိုးတွေကုန်ပြီးအကောင်းဆုံးတွေ ရောက်လာပါစေလို့ ဆုတောင်းပေးပါတယ်။ ပြောင်းလဲလာသည့် သျှမ်းပြည်နယ်အခြေအနေအရပ်ရပ်အပေါင်းအပေါ်မှာ မူတည်ပြီး ပြည်သူလူထုများအားလုံး ဘေးရန်ကင်းဝေးတဲ့ လိုက်လျောညီထွေနေထိုင်နိုင်ရန် ပူးပေါင်းဆောင်ရွက်နိုင်ကြပါစေ။ သျှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ဘေးစစ်ဒဏ်ခံစားနေရသော မိဘပြည်သူများအားလုံးလည်း အကောင်းမွန်ဆုံးသော အခြေအနေတစ်ခု အမြန်ဆုံးရရှိခံစားပါစေ” ဟူ၍ ဆုတောင်းစကားပြောကြားခဲ့သည်။

 

အဲ့ဒီနောက် RCSS/SSA ဥက္ကဌ ဗိုလ်ချုပ်ကြီးယွက်စစ်က “ယခုနှစ်မှာကျရောက်သော သျှမ်းနှစ်သစ်ကူးနေ့သည် သျှမ်းပြည်နယ်ရှိ ပြည်သူများခံစားနေရသော ဒုက္ခအပေါင်းတို့အရ အလွန်ဝမ်းနည်းစရာကောင်းလှပါတယ်။ မိမိတို့၏ ယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာများ ပျောက်ပျက်မသွားဖို့ တစ်မျိုးသားလုံး ဝိုင်းဝန်းထိန်းသိမ်းဖို့ လိုအပ်တယ်။” ဟူ၍ အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။

 

ထို့နောက် တက်ရောက်လာသူများအားလုံးက နှစ်သစ်ကူးအလှူဒါနပြုလုပ်ပြီး အခမ်းအနားကို အောင်မြင်စွာရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

 

sources & တႆးလွတ်ႈလႅဝ်း