သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

သျှမ်းနှစ်သစ်ကူးကြိုဆိုပွဲနှင့် တက္ကသိုလ်ဝင်တန်းအောင်မြင်သော ကျောင်းသား/ကျောင်းသူများအား ဆုပေးပွဲကျင်းပ

သျှမ်းနှစ်သစ်ကူးကြိုဆိုပွဲနှင့် တက္ကသိုလ်ဝင်တန်းအောင်မြင်သော ကျောင်းသား/ကျောင်းသူများအား ဆုပေးပွဲကျင်းပ

Hsan Loi Editor
13/12/2023
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက် လွယ်လုံပရဟိကျောင်း၌ ယနေ့ (၁၃.၁၂.၂၀၂၃) ရက်နေ့ နံနက်(၉:၀၀) နာရီတွင် သျှမ်းသက္ကရာဇ်(၂၁၁၈)ခု သျှမ်းနှစ်သစ်ကူးကြိုဆိုခြင်းနှင့် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား/ကျောင်းသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်သည်။

 

သျှမ်းနှစ်ကူးကြိုဆိုပွဲအခမ်းအနားအား ကြွရောက်လာသော သံဃာတော်များနှင့် တောင်ကြီးမြို့နယ် သျှမ်းမိဘပြည်သူများက နမောတဿ (၃) ကြိမ် ရွတ်ဆိုပြီး ဖွင့်လှစ်ခဲ့သည်။

 

သျှမ်းနှစ်သစ်ကူးမင်္ဂလာယူခြင်းအဖြစ် ကြွရောက်လာသော သံဃာတော်အရှင်မြတ်တို့က မေတ္တာသုတ်နှင့် မင်္ဂလာသုတ်ရွတ်ဆိုပူဇော်ခဲ့သည်။

 

“ ယခုနှစ်မှာ ကျရောက်သော သျှမ်းနှစ်သစ်ကူးပွဲတော်ကို သျှမ်းပြည်နယ်ပြင်ပတွေမှာ ကျင်းပနိုင်ပေမယ့် သျှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေသော တိုက်ပွဲကြောင့် စစ်ဘေးရှောင်ပြည်သူများကို ကိုယ်ချင်းစာနာသောအားဖြင့် သျှမ်းနှစ်သစ်ကူးကြိုဆိုပွဲတော် ကျင်းပခြင်းကို သျှမ်းပြည်တွင်းမှာတော့ ခမ်းခမ်းနားနား မပြုလုပ်ဖြစ်ပါဘူး။ သျှမ်းပြည်နယ်မြောက်ပိုင်းက မိဘပြည်သူတွေကတော့ အခုထိမျက်ရည်ပေါက်ကြီးငယ် ကျနေရပြီး အတိဒုက္ခရောက်နေကြတာကိုလည်း လွန်စွာစိတ်မကောင်းဖြစ်ရတယ်။ သျှမ်းပြည်နယ်မြောက်ပိုင်းကနေ အသက်စွန့်ပြီး တိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်ပြည်သူတွေကိုလည်း လက်ခံကူညီပေးနေပါတယ်။” ဟု လွယ်လုံပရဟိတတည်ထောင်သူ ဆရာတော်သီရိဓမ္မက မိန့်ကြားသည်။

 

အဲ့ဒီနောက် ယမန်နှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သော လွယ်လုံပရဟိတကျောင်းမှ ကျောင်းသား/ကျောင်းသူ (၁၁) ဦးအား ဂုဏ်ပြုဆုချီးမြင့်သည်။ ၎င်းတို့အထဲတွင် (၆)ဦး ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည်။ လွယ်လုံပရဟိတကျောင်းမှ ယနေ့အထိ တက္ကသိုလ်ဝင်တန်းအောင်မြင်သော ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၄၉)ဦးမွေးထုတ်နိုင်နေပြီဖြစ်သည်။ လွယ်လုံပရဟိတကျောင်းသည် အနယ်နယ်အရပ်ရပ်က ဆင်းရဲနွမ်းပါးသော ကျောင်းသား/ကျောင်းသူများကို လက်ခံပြီး ပညာများဆက်လက်လေ့လာဆည်းပူးနိုင်ရန် ကူညီဆောင်ရွက်ပေးနေသည့် ပရဟိတကျောင်းတစ်ကျောင်းဖြစ်သည်။ ယခုပညာသင်နှစ်တွင် လွယ်လုံပရဟိတကျောင်း၌ ပညာလာရောက်ဆည်းပူးလေ့လာသော ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၅၇၀)ဦးရှိကြောင်း သိရသည်။