သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

KIA အရာရှိတစ်ဦး၏ မုဒိမ်းမှုကျူးလွန်ခြင်းခံခဲ့ရသော အသက်မပြည့်သေးသည့် သျှမ်းနီအမျိုးသမီးငယ် (၂) ဦးအား ဘုန်းတော်ကြီးမှ ကူညီစောင့်ရှောက်ထားနေရ

KIA အရာရှိတစ်ဦး၏ မုဒိမ်းမှုကျူးလွန်ခြင်းခံခဲ့ရသော အသက်မပြည့်သေးသည့် သျှမ်းနီအမျိုးသမီးငယ် (၂) ဦးအား ဘုန်းတော်ကြီးမှ ကူညီစောင့်ရှောက်ထားနေရ

Hsan Loi Editor
11/12/2023
Share:

 

ကချင်ပြည်နယ် ဗန်းမောက်မြို့နယ် စာခမ်းကျေးရွာသူ အသက်မပြည့်သေးသော သျှမ်းနီအမျိုးသမီးငယ် (၂) ဦးအား KIA အရာရှိတစ်ဦးက ကချင်ပြည်နယ်နှင့်စစ်ကိုင်းတိုင်းဒေသကြီးနယ်စပ် နမ့်နစ်ကျေးရွာအနီး၌ နိုဝင်ဘာလ (၂၇) ရက်နေ့တွင် အဓမ္မမှု ကျူးလွန်ခဲ့ကြောင်း သတင်းရရှိသည်။

 

ဗန်းမောက်မြို့နယ် စာခမ်းကျေးရွာသူများဖြစ်သော ညီအစ်မဝမ်းကွဲတော်စပ်သော အသက် (၁၅) နှစ်အရွယ် အမျိုးသမီးငယ် (၂) ဦးသည် ကချင်ပြည်နယ်နှင့်စစ်ကိုင်းတိုင်းဒေသကြီးနယ်စပ် KIA ထိန်းချုပ်ထားသော နမ့်နစ်ကျေးရွာသို့ စေ◌ျးရောင်းသွားရင်း KIA အရာရှိက တောထဲသို့ ခေါ်ဆောင်ပြီး မုဒိမ်းမှုပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း သျှမ်းနီလူငယ်တစ်ဦးက ပြောပြသည်။

 

“သူတို့တွေက အဲ့ဒီကိစ္စဖြစ်ပြီးတော့ တော်တော်ကြောက်သွားကြတယ်။ စကားပြောနိုင်ဖို့ကိုပဲ တစ်ပတ်လောက်အထိကို အချိန်ပေးခဲ့ရတယ်။ အခုတော့ ကလေးမလေးတွေကို ဟုမ္မလင်းက သျှမ်းနီဆရာတော်က စိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာတွေ အားပေးပြီး ကူညီစောင့်ရှောက်ပေးထားတယ်။ ဆေးကုသမှုတွေတော့ လိုအပ်နေတယ်လို့ပြောပါတယ်။ ဒီလိုဖြစ်တာတောင် ကချင် (KIA) ဘက်ကငြင်းချင်နေသေးတာ။ ဒါတောင်မှ သက်သေအထောက်အထား ခိုင်ခိုင်မာမာနဲ့ကို ထုတ်ပြန်ထားတာပါ။” ဟု သျှမ်းနီလူငယ်တစ်ဦးက ပြောပြသည်။

 

စေ◌ျးဆိုင်မှ စေ◌ျးရောင်းနေစဉ် လာရောက်ခေါ်ဆောင်ခြင်းဖြစ်ပြီး ယခုလို ပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောပြချက်အရသိရသည်။ ၎င်းအမှုနှင့်ပတ်သက်၍ KIA ဘက်က မည်သည့်အရေးယူမှုမျှ ပြုလုပ်ခြင်းမရှိသေးကြောင်း သတင်းရရှိသည်။