သျှမ်းပြည်နယ် မြောက်ပိုင်း ၊ မန်တုံမြို့နယ် စစ်ကောင်စီတပ်၏ ခိုမုန်းတပ်စခန်းအားTNLA ကတိုက်ခိုက်သိမ်းပိုက်စဥ် သိမ်းဆည်းရရှိသောလက်နက်ခဲယမ်းများကို ထုတ်ပြန်ဖော်ပြခဲ့သည်။
ဒီဇင်ဘာ ၇ရက်နေ့ ညနေ ၄ နာရီခွဲခန့်တွင်ခိုမုန်းစစ်ကောင်စီစခန်းကို TNLA က သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီ၏ 60 MM လက်နက်ကြီးအပါအဝင်၊ ပစ္စတို(၁)လက်၊ လက်နက်(၅)လက်၊ ခဲယမ်းများစွာနှင့် စစ်သုံးပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း TNLA ၏ ထုတ်ပြန်ဖော်ပြလာမှုအရ သိရသည်။
