သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

ပြောင်းဖူးခြံအတွင်း လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး ပြောင်းချိုးနေသော အမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေဆုံး

ပြောင်းဖူးခြံအတွင်း လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး ပြောင်းချိုးနေသော အမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေဆုံး

Hsan Loi Editor
30/11/2023
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာအုပ်စု ဟိုနားကုန်းသာကျေးရွာရှိ ပြောင်းဖူးခြံတစ်ခြံအတွင်း ယနေ့ (၃၀.၁၁.၂၀၂၃) ရက်နေ့တွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့ကြောင်း သတင်းရရှိသည်။

 

ပြောင်းဖူးခြံအတွင်း ပြောင်းဖူးချိုးနေသော သျှမ်းတိုင်းရင်းသူ အသက်(၂၇) နှစ်အရွယ် အမျိုးသမီးတစ်ဦး ကျည်စထိမှန်ပြီး ပွဲချင်းပြီးသေဆုံးခဲ့ရသည်။

 

သေဆုံးသူသည် နန်းအေးကြည်ဟု အမည်ရပြီး ၎င်း၏ ဘယ်ဖက်ပခုံးမှ ညာဘက်ပခုံးအထိ ကျည်စဖောက်ထွက်သွားမှုကြောင့် ပြောင်းဖူးခြံအတွင်း သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း သတင်းရရှိသည်။