သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

ကျောက်မဲမြို့နှင့်သီပေါမြို့တွင် စစ်ကောင်စီတပ်နှင့်မြောက်ပိုင်းမဟာမိတ်အဖွဲ့ တိုက်ပွဲဆက်လက်ပြင်းထန်နေ ကျင်သီတံတားအား မြောက်ပိုင်းမဟာမိတ်မှ ပြန်လည်သိမ်းပိုက်ထားဟုဆို

ကျောက်မဲမြို့နှင့်သီပေါမြို့တွင် စစ်ကောင်စီတပ်နှင့်မြောက်ပိုင်းမဟာမိတ်အဖွဲ့ တိုက်ပွဲဆက်လက်ပြင်းထန်နေ ကျင်သီတံတားအား မြောက်ပိုင်းမဟာမိတ်မှ ပြန်လည်သိမ်းပိုက်ထားဟုဆို

Hsan Loi Editor
27/11/2023
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်နှင့် သီပေါမြို့နယ်တို့တွင် ယမန်နေ့ ညပိုင်းက စစ်ကောင်စီတပ်နှင့် မြောက်ပိုင်းမဟာမိတ်တို့ တိုက်ပွဲပြင်းထန်စွာ ဆက်လက်ဖြစ်ပွားခဲ့ပြီး ပြည်သူလူထုများအနေဖြင့် အရေးကြီးကိစ္စမှလွဲ၍ ခရီးသွားလာခြင်းမပြုကြရန် သက်ဆိုင်ရာအဖွဲ့အစည်းများက တိုက်တွန်းထားသည်။

 

ကျောက်မဲမြို့နှင့် ချောင်းချောက်ရွာကြား လမ်းမကြီးတစ်ချောက်၌ စစ်ကောင်စီတပ်နှင့်မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့ ယမန်နေ့ညကတစ်ညလုံး တိုက်ပွဲဖြစ်ပွားခဲ့သလို ယနေ့နံနက်ပိုင်းအထိ တိုက်ပွဲသံများကြားနေရဆဲဖြစ်သည်။

 

ဒါ့အပြင် ကျောက်မဲမြို့နယ် ခိုမုန်းကျေးရွာအနီးရှိ ဆီဆိုင်တန်းတစ်လျောက်တွင်လည်း တစ်ညလုံး လက်နက်ကြီး လက်နက်ငယ်များဖြင့် အပြန်အလှန် တိုက်ခိုက်မှုရှိခဲ့ပြီး ခိုမုန်းရွာမှ ဘုန်းတော်ကြီးတစ်ပါး ကျည်ထိဒဏ်ရာရရှိခဲ့သည်ဟုဆိုသည်။

 

သီပေါမြို့နယ် ကျင်သီတံတားကိုလည်း ယမန်နေ့ (၂၆.၁၁.၂၀၂၃) ရက်နေ့တွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့မှ ပြန်လည်တိုက်ခိုက်သိမ်းပိုက်ထားပြီး ပြည်သူများအနေဖြင့် ကျောက်မဲ-သီပေါ ခရီးသွားလာခြင်း မပြုလုပ်နိုင်သေးကြောင်း သတင်းရရှိသည်။