သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

မူဆယ်မြို့တွင် စစ်ကောင်စီတပ်နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့ တိုက်ပွဲပြင်းထန်စွာ ဆက်လက်ဖြစ်ပွား ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင် ပြည်သူလူထုနေအိမ်အမြောက်အများ ထိခိုက်ပျက်စီး

မူဆယ်မြို့တွင် စစ်ကောင်စီတပ်နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့ တိုက်ပွဲပြင်းထန်စွာ ဆက်လက်ဖြစ်ပွား ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင် ပြည်သူလူထုနေအိမ်အမြောက်အများ ထိခိုက်ပျက်စီး

Hsan Loi Editor
27/11/2023
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်အတွင်း ယမန်နေ့ (၂၆.၁၁.၂၀၂၃) ရက်နေ့ ည (၇:၃၀) ဝန်းကျင်ခန့်ကစတင်ပြီး စစ်ကောင်စီတပ်နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း ဒေသခံသတင်းအရင်းအမြစ်၏ ပြောပြချက်အရ သိရသည်။

 

စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်မှုအပြင် လက်နက်ကြီးပစ်ခတ်မှုပြုလုပ်ခဲ့သလို မြောက်ပိုင်းမဟာမိတ်ဘက်ကနေလည်း ဒရုန်းဖြင့် ပြန်လည်တိုက်ခိုက်မှုများလည်း ပြုလုပ်ကြသည်ဟုဆိုသည်။

 

ယနေ့ နံနက်အစောပိုင်းအထိ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားပြီး (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်ဝင်းအတွင်းရှိ ပြည်သူလူထုနေအိမ်အမြောက်အများ ထိခိုက်ပျက်စီးခဲ့ရကြောင်း သတင်းရရှိသည်။

 

လူထိခိုက်သေဆုံးမှုရှိပြီး သတင်းအတိအကျမသိရသေးပါ။