နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

သျှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့အား စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုပြုလုပ် (၁၉)နှစ်အရွယ်အမျိုးသမီးတစ်ဦး ဗုံးထိမှန်ပြီး သေဆုံး

သျှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့အား စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုပြုလုပ် (၁၉)နှစ်အရွယ်အမျိုးသမီးတစ်ဦး ဗုံးထိမှန်ပြီး သေဆုံး

Hsan Loi Editor
26/11/2023
Share:

 

ယနေ့ (၂၆.၁၁.၂၀၂၃)ရက်နေ့ နံနက်ပိုင်း(၅)နာရီဝန်းကျင်ခန့်တွင် သျှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မန်နားရွာအတွင်း စစ်ကောင်စီတပ်မှ တိုက်လေယာဉ်ဖြင့်‌ ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

 

မန်နားရွာအတွင်း တိုက်လေယာဉ်ဗုံး(၄)လုံးကျရောက်ပေါက်ကွဲခဲ့ပြီး အသက်(၁၉)နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး ဗုံးထိမှန်ပြီး အသက်ဆုံးရှုံးခဲ့ရသည်။ ဗုံးထိမှန်ပြီး၏ ခန္ဓာကိုယ်အစိတ်အပိုင်းများ တစ်စစီပြတ်ထွက်သွားသည်အထိ ဖြစ်ခဲ့ပြီး အလောင်းများကို ခြံအတွင်း တစ်စစီပြန်လိုက်ကောက်ခဲ့ရသည်ဟု လူမှုကူညီရေးအသင်းမှ အဖွဲ့ဝင်တစ်ဦးက ပြောပြသည်။

 

“မနက်အစောကြီး ဂျက်ဖိုက်တာ တိုက်လေယာဉ်ရောက်လာပြီး မန်နားရွာထဲကို (၄)လုံး ဗုံးကြဲချသွားတယ်။ ပြီးတော့ နမ့်ခမ်းမြို့ အောင်မေတ္တာရပ်ကွက်ထဲလည်း ကြဲချသွားသေးတယ်။ မန်နားမှာ ကျတဲ့ဗုံးတစ်လုံးကတော့ ကောင်မလေးတစ်ယောက်ကို ထိသွားတယ်။ အလောင်းကောက်မရတော့လောက်အောင် တစ်စစီပြတ်ထွက်ကုန်တယ်။ ပြီးတော့ ဗုံးစာထိမှန်ပြီး ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်။” ဟု နမ့်ခမ်းမြို့ လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးက ပြောပြသည်။

 

နမ့်ခမ်းမြို့တွင်းကို TNLA အဖွဲ့ဝင်များက ဝင်ရောက်နေရာယူမှုကြောင့် စစ်ကောင်စီတပ်က လိုက်လံပြီး ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်။ ပြည်သူလူထုနေထိုင်သော ကျေးရွာများအတွင်းကို ဝင်ရောက်နေထိုင်သောခြင်းနှင့် ပြည်သူလူထုနေထိုင်သော ကျေးရွာအား ဗုံးကြဲတိုက်ခိုက်ခြင်းသည် လိုက်နာရမည့် စစ်ကျင့်ဝတ်ကို ချိုးဖောက်နေခြင်းဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ဆိုသည်။