လက်ရှိဖြစ်ပေါ်နေသော သျှမ်းပြည်နယ်အခြေအနေများကြောင့် ယခုနှစ်(၂၀၂၃) နှစ်တွင် ကျရောက်သော ၂၁၁၈ခု သျှမ်းနှစ်ကူးပွဲတော်အား ကျင်းပပြုလုပ်တော့မည်မဟုတ်ကြောင်း မိုင်းကိုင်သျှမ်းစာပေနှင့်ယဉ်ကျေးမှု က ထုတ်ပြန်ကြေညာခဲ့သည်။
အလားတူ သျှမ်းပြည်နယ်တောင်ပိုင်း မောက်မယ်မြို့တွင်လည်း သျှမ်းပြည်နယ်အတွင်းဖြစ်ပေါ်နေသော စစ်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော မိဘပြည်သူများအား စာနာထောက်ထားခြင်းအားဖြင့် ယခုနှစ်သျှမ်းနှစ်သစ်ကူးပွဲတော်ကို ကျင်းပပြုလုပ်တော့မည်မဟုတ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။