သျှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် (၁၀၅)မိုင်အုပ်စု အောက်နမ့်ဟွယ်ကျေးရွာရှိ ဇေယျမင်္ဂလာကျောင်းတိုက်အတွင်း ယနေ့(၂၂.၁၁.၂၀၂၃) ရက်နေ့ နေ့လည်(၁၁)နာရီ(၄၉)မိနစ်တွင် ဒရုန်းဗုံးပြုတ်ကျပြီး ကိုရင်ကြီးတစ်ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
ဒရုန်းဗုံးပြုတ်ကျပေါက်ကွဲခြင်းကြောင့် ကိုရင်ကြီးမှာ ပေါင်(၂)ဖက်စလုံး ပြင်းထန်စွာဒဏ်ရာရရှိခဲ့ပြီး ကျောင်းဝင်းအတွင်းရှိ ကား(၃)စီး ထိခိုက်ပျက်စီးခဲ့သည်ဟုဆိုသည်။
အဆိုပါဒရုန်းဗုံးအား မည်သည့်အဖွဲ့က ပစ်ချသည်ကို မသိရသေးပါ။
