နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

တိုင်းပြည်အေးချမ်းနေတာမဟုတ်တဲ့အတွက်တန်ဆောင် တိုင်ပွဲ မလည်ပတ်ကြဖို့ UTF မြို့ပြပြောက်ကျားတပ်စုသတိပေး

တိုင်းပြည်အေးချမ်းနေတာမဟုတ်တဲ့အတွက်တန်ဆောင် တိုင်ပွဲ မလည်ပတ်ကြဖို့ UTF မြို့ပြပြောက်ကျားတပ်စုသတိပေး

Hsan Loi Editor
18/11/2023
Share:

 

တိုက်ပွဲတွေပြင်းထန်နေတဲ့ ကယား( ကရင်နီ ) ပြည်နဲ့ နယ်မိမိတ်ချင်းထိစပ်‌နေတဲ့ သျှမ်းပြည်တောင်ပိုင်း ကလော နဲ့ တောင်ကြီး မှာ စစ်ကောင်စီက ဦးဆောင်ကျင်းပမယ့် တန်ဆောင်တိုင်ပွဲ ကိုသွားရောက်မလည် ပတ်ကြဖို့ Urban Task Force Aung Ban – UTF အောင်ပန်းမြို့ပြပြောက်ကျားတပ်စုက မနေ့ကသတိပေးထုတ်ပြန်ထားပါတယ် ။

 

” စစ်ကောင်စီကတော့ ဘယ်သူ သေသေ ငတေမာရင်ပြီးရော တိုင်းပြည်အေးချမ်းကြောင်း ပြသဖို့ သင်တို့ရဲ့ အပျော်အပါးမက်တဲ့ စိတ်ကို အဆုံးထိ အသုံးချမှာ ဖြစ်လို့ဆင်ခြင်ရမှာက သင်တို့ ကိုယ်တိုင်ပါပဲ ။ဒီလောက်လူတွေ အများကြီးစုနေတာ လူသားဒိုင်းအဖြစ် အသုံးမချဘူးလို့ ပြောလို့မရသလို ပွဲရက်အတွင်း ကိုယ့် လုံခြုံရေး ကိုလည်း ဘယ်သူ့မှ တာဝန်မယူပါဘူး။ကိုယ်ဖြစ်ကိုယ်ခံပါပဲ ။သင်တို့သွားမယ့် ဒေသရဲ့ မနီးမဝေးမှာ သင်တို့သွားတဲ့ဒေသက နယ်ခံတွေ အသက်တွေ စတေးပြီး လုံးပမ်းနေရပါတယ် ။ တိုင်းပြည်အေးချမ်းနေတာ မဟုတ်ကြောင်း သတိလေးချပ်စေချင်ပါတယ် ” လို့ UTF ကထုတ်ပြန်ပြောဆိုထားပါတယ် ။

 

လက်ရှိမှာ စစ်ကောင်စီနဲ့ ကရင်နီတော်လှန်ရေးတပ်တို့ တိုက်ပွဲပြင်းထန်နေတဲ့အတွက် သျှမ်းတောင်ဖက်ကို စစ်ဘေးရှောင်ပြည်သူတွေ အလုံးအရင်းနဲ့ ဝင်လာတဲ့ ကာလမှာ စစ်ကောင်စီက တန်ဆောင်တိုင်ပွဲ တော်ကျင်းပနိုင်ရေးကိုသာ ကြိုးပမ်းနေတာပဲဖြစ်ပါတယ် ။

 

ဒါ့ကြောင့် UTF အနေနဲ့ မဖြစ်မနေ ခရီးသွားရမယ့် ပြည်သူတွေအတွက်လည်း ပွဲရက်တွေကို ရှောင်ပြီးမှ သွားလာကြဖို့ ၊ မိမိနဲ့ မိသားစု အသက်အန္တရာယ်ကို ကာကွယ်ရင်း စစ်ကောင်စီက အတင်းအကျပ် စီစဥ်တဲ့ပွဲတွေကို Boycott (သပိတ်မှောက်) ပေးကြဖို့ မေတ္တာရပ်ခံ တိုက် တွန်းထားတာပါ ။