သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

သျှမ်းမြောက်စစ်ရှောင်တွေကို ဟိုပုံး-တောင်ကြီးတိုးဂိတ်အနီးမှာ ခြံခတ်ထား

သျှမ်းမြောက်စစ်ရှောင်တွေကို ဟိုပုံး-တောင်ကြီးတိုးဂိတ်အနီးမှာ ခြံခတ်ထား

Hsan Loi Editor
15/11/2023
Share:

 

သျှမ်းပြည်မြောက်ပိုင်းက လက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် တောင်ကြီးဖက်ကို တက်လာကြတဲ့ စစ်ရှောင်ပြည်သူတွေ ရာနဲ့ချီပြီး ဟိုပုံး- တောင်ကြီးတိုးဂိတ်အနီးမှာရှိတဲ့ ဝန်းထဲမှာရောက်ရှိနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

 

“သျှမ်းမြောက်ကနေလာကြတဲ့ စစ်ရှောင်တွေ ဆယ်ဘီးကား ၊ဆယ့်နှစ်ဘီးကားတွေ အစီး ၂၀ ကျော်လောက်ရှိတယ်ဗျ ။သူတို့တွေကိုလက်ရှိ ဟိုပုံး- တောင်ကြီးတက်တဲ့တိုးဂိတ် အဝင်ဝန်းထဲမှာပဲထည့် ထားပြီးတော့မှ အပြင်ပေးမထွက်ဘူး လို့သိရတယ်၊ အဲ့ဒီထဲမှာ ဆယ်ဘီးကား ဆယ့်နှစ်ဘီးကားတွေကို သုံးထပ်လုပ်ထားပြီးတော့မှ လူတွေရာနဲ့ချီပြီး ပိတ်မိနေတယ် ”လို့ မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးက HsanLoiVoice ကိုပြောပါတယ်။

 

သျှမ်းမြောက်စစ်ရှောင်တွေဟာတောင်ကြီးအထိတက်လာကြတယ်လို့ဆိုတဲ့ နေရာမှာ ဘယ်လမ်း ကြောင်းကနေ ဘယ်လိုတက်လာကြတာလဲဆိုတာကိုတော့ အတည်မ ပြုနိုင်သေးပာမဲ့ လက်ရှိ ဟိုပုံးတိုးဂိတ်ရဲ့ညာဖက်ဝန်းကြီးထဲမှာပဲ ကားတွေအကုန် လုံးထည့်ထားပြီးနိုဝင်ဘာ ၁၂ ရက်နေ့မှာတောင်ကြီးက စစ်ကောင်စီတပ်ဖွဲ့တွေ နဲ့ရဲတွေလာရောက်စစ်ဆေးကြလို့ ဘယ်သူ့ကိုမှ ဓါတ်ပုံပေးမရိုက်ဘူးလို့ ဆိုပါတယ်။

 

သျှမ်းပြည်မြောက်ပိုင်းမှာ မဟာမိတ်အုပ်စုတွေနဲ့စစ်ကောင်စီတိုက်ပွဲတွေကြောင့် လက်ရှိ လားရှိုးမြို့နယ်ထဲမှာ စစ်ရှောင်ပြည်သူ ၅၀၀၀ ကျော်လောက်ရှိနေပါတယ်။