သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

လားရှိုးမြို့နယ် မိုင်းတိမ်ကျေးရွာအုပ်စု ဘုန်းကြီးကျောင်းပေါ် လက်နက်ကြီးကျည်ကျပြီး စစ်ဘေးရှောင် (၃) ဦး အသက်ဆုံးရှုံး

လားရှိုးမြို့နယ် မိုင်းတိမ်ကျေးရွာအုပ်စု ဘုန်းကြီးကျောင်းပေါ် လက်နက်ကြီးကျည်ကျပြီး စစ်ဘေးရှောင် (၃) ဦး အသက်ဆုံးရှုံး

Hsan Loi Editor
09/11/2023
Share:

 

ယနေ့ (၉.၁၁.၂၀၂၃) ရက်နေ့ နံနက် (၇) နာရီဝန်းကျင်ခန့်တွင် သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းတိမ်ကျေးရွာအုပ်စုရှိ ဘုန်းကြီးကျောင်းပေါ်သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သတင်းရရှိသည်။

၎င်းလက်နက်ကြီးကျည်သည် မည်သည့်အဖွဲ့က ပစ်ခတ်သည်ကိုမသိရပါ။ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အဆိုပါဘုန်းကြီးကျောင်းတွင် ရောက်ရှိတိမ်းရှောင်နေသော စစ်ဘေးရှောင်အသက် (၁၂) အရွယ် အေးနောင့်အွန်နှင့်အသက် (၆၀) အရွယ် ပါမွန်း တို့ (၂) ဦး ဗုံးစထိမှန်ပြီး ပွဲချင်းပြီးသေဆုံးခဲ့ရသည်။

ဒါ့အပြင် အသက် (၄၀) အရွယ်ရှိ နန်းရွှေ ဟုခေါ်သော အမျိုးသမီးတစ်ဦးလည်း လက်နက်ကြီးကျည်ထိမှန်ပြီး ခြေထောက်ပြတ်ကာ ဆေးရုံအရောက်တွင် အသက်ဆုံးရှုံးခဲ့ရသည်ဟုဆိုသည်။

“ မနက်အစောကြီးကတည်းက စစ်ဘေးရှောင်တွေရောက်နေတဲ့ ဘုန်းကြီးကျောင်းအပေါ်ကို လက်နက်ကြီး ကျရောင်ပေါက်ကွဲလို့ စစ်ဘေးရှောင် (၂) ဦး သေဆုံးပြီး တစ်ဦးခြေထောက်ပြတ်ရှဒဏ်ရာရတယ်ဆိုပြီး ကျနော်တို့ကိုအကြောင်းကြားလာလို့ သွားရောက်ကူညီပေးရတယ်။ ခြေထောက်ပြတ်သွားတဲ့တစ်ယောက်လည်း ဆေးရုံရောက်ပြီး ဆုံးသွားပြီ။ မနက် (၆) နာရီကတည်းက လက်နက်ကြီးတွေနဲ့အပြန်အလှန်ပစ်နေကြတော့ ဘယ်အဖွဲ့ရဲ့ လက်နက်ကြီးဖြစ်တယ်ဆိုတာကိုတော့ မသိရသေးဘူး။ ကျောင်းထဲမှာ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်တစ်လုံးလည်းရှိနေသေးတယ်။” ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသော ပရဟိတအဖွဲ့ဝင်တစ်ဦးက ပြောပြသည်။

လားရှိုးမြို့နယ်တွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့များ ၁၀၂၇ စစ်ဆင်ရေး စတင်ဖော်ဆောင်သော နေ့ကစတင်ပြီး ယနေ့အထိ စစ်ဘေးရှောင်မိဘပြည်သူ တစ်သောင်းကျော်ရှိနေပြီဖြစ်ကြောင်း သတင်းရရှိသည်။