နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

စိုင်းမောဝ်အွန်ကို TNLA က ပြန်လည်လွှတ်ပေးပြီး SSPP နှင့်ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းအတွက် နှစ်ဖက်ခေါင်းဆောင်များ ညှိနှိုင်းမည်ဟုဆို

စိုင်းမောဝ်အွန်ကို TNLA က ပြန်လည်လွှတ်ပေးပြီး SSPP နှင့်ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းအတွက် နှစ်ဖက်ခေါင်းဆောင်များ ညှိနှိုင်းမည်ဟုဆို

Hsan Loi Editor
08/11/2023
Share:

 

ယမန်နေ့(၇.၁၁.၂၀၂၃) ရက်နေ့တွင် သျှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် စယ်လန့်ကျေးရွာမှ SNLD ကျေးရွာအုပ်စုကော်မတီအတွင်းရေးမှူး စိုင်းမောဝ်အွန်အား TNLA အဖွဲ့က လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

 

စိုင်းမောဝ်အွန် ဖမ်းဆီးခံရခြင်းအား ညှိနှိုင်းဆွေးနွေးရန်အတွက် SSPP အဖွဲ့မှာ သွားရောက်စဉ် စယ်လန့်ကျေးရွာအတွင်း၌ TNLA အဖွဲ့နှင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး SSPP မြို့နယ်မှူးအဆင့်ရှိသူနှင့်၎င်း၏တပ်သားဖမ်းဆီးခံရပြီး ကျေးရွာအလယ်တွင် TNLA အဖွဲ့မှ ပစ်သတ်ကွပ်မျက်ခဲ့သည်။

 

အပြန်အလှန်ပစ်ခတ်မှုတွင်လည်း TNLA ဘက်မှ တပ်ဖွဲ့ဝင် (၄) ဦးသေဆုံးခဲ့သည်ဟုဆိုသည်။ ယနေ့ တွင် ဖမ်းဆီးခံရသော စိုင်းမောဝ်အွန်အား ပြန်လည်လွှတ်ပေးရန် SNLD နှင့် TYN တို့က ထုတ်ပြန်တောင်းဆိုခဲ့သည်။

 

ယခုအခါ TNLA အဖွဲ့မှ စိုင်းမောဝ်အွန်အား ပြန်လည်လွှတ်ပေးခဲ့ပြီဖြစ်ကြောင်း ဖော်ပြလာခဲ့ပြီး ၎င်းတို့စစ်ဆင်ရေးဓာတ်ပုံကိုလာရောက်မှတ်တမ်းတင်ရိုက်ယူခြင်းကြောင့် ဖမ်းဆီးခြင်းဖြစ်ကြောင်း TNLA က ဖော်ပြခဲ့သည်။

 

တစ်ဖက်တွင်လည်း SSPP နှင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းအတွက် ၂ ဖက်ခေါင်းဆောင်များက ညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။