နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

နမ့်ခမ်းမြို့နယ်ရဲစခန်းအား TNLA အဖွဲ့မှ သိမ်းပိုက်နိုင်ခဲ့ပြီး လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွားနေဟု သိရ

နမ့်ခမ်းမြို့နယ်ရဲစခန်းအား TNLA အဖွဲ့မှ သိမ်းပိုက်နိုင်ခဲ့ပြီး လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွားနေဟု သိရ

Hsan Loi Editor
06/11/2023
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် ယနေ့ နံနက်အစောပိုင်းကတည်းက စစ်ကောင်စီတပ်နှင့် TNLA တို့တိုက်ပွဲဖြစ်ပွားခဲ့သည်။

 

မွန်းလွဲ (၃:၃၀) နာရီဝန်းကျင်ခန့်တွင် နမ့်ခမ်းမြို့နယ်ရဲစခန်းတွင် မီးခိုးငွေ့ထွက်ပေါ်လာသည်ကို ဒေသခံများက တွေ့ရှိခဲ့ပြီး ညနေပိုင်းခန့်၌ TNLA အဖွဲ့က နမ့်ခမ်းမြို့နယ် ရဲစခန်းအား သိမ်းပိုက်နိုင်ခဲ့ကြောင်း ဖော်ပြခဲ့သည်။

 

ဒါ့အပြင် နမ့်ခမ်းမြို့နယ်ရှိ ဌာနဆိုင်ရာရုံးတော်တော်များများအား TNLA အဖွဲ့ဝင်များက ဝင်ရောက်နေရာယူထားလျက်ရှိကြောင်း သတင်းရရှိသည်။