နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

လက်ရှိဖြစ်ပွားလျက်ရှိသော အခြေအနေကြောင့် သီတင်းကျွတ်ညပိုင်းပွဲလမ်းသဘင်အစီအစဉ်များ ရပ်ဆိုင်းထားရန် တန့်ယန်းမြို့နယ်သံဃနာယကမှ တိုက်တွန်းထုတ်ပြန်

လက်ရှိဖြစ်ပွားလျက်ရှိသော အခြေအနေကြောင့် သီတင်းကျွတ်ညပိုင်းပွဲလမ်းသဘင်အစီအစဉ်များ ရပ်ဆိုင်းထားရန် တန့်ယန်းမြို့နယ်သံဃနာယကမှ တိုက်တွန်းထုတ်ပြန်

Hsan Loi Editor
03/11/2023
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများကြောင့် မိဘပြည်သူများစစ်ဘေးရှောင်နေရစဉ်ကာလအတွင်း သီတင်းကျွတ်ညပိုင်း ပွဲလမ်းသဘင်များ ကျင်းပခြင်းအား ရပ်ဆိုင်းထားရန် တန့်ယန်းမြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌက နိုဝင်ဘာလ(၂)ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

 

၎င်း၏ ထုတ်ပြန်ချက်ထဲတွင် တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော မိဘပြည်သူများအား ဘုန်းကြီးများတွင် လက်ခံခိုလှုံခွင့်ပေးရန်၊ စစ်ဘေးရှောင်မိဘပြည်သူများအား ဆက်သွယ်လှူဒါန်းလိုပါက တန့်ယန်းမြို့လယ်ကျောင်းကို ဆက်သွယ်လှူဒါန်းနိုင်ရန်နှင့် လက်ရှိအနေအထားကြောင့် ညပိုင်းပွဲလမ်းသဘင်ကျင်းပခြင်းအား ပြုလုပ်ခြင်းမပြုဘဲ ကထိန်သင်္ကန်းလှူဒါန်းခြင်းကိုလည်း တန့်ယန်းမြို့၌နေ့ခင်းချိန်တွင်သာ ကျင်းပသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။