နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

အင်းလေးတွင် စစ်ကောင်စီတပ်ထွက် သတင်းပေး  တစ်ဦးပစ်သတ်ခံရ 

အင်းလေးတွင် စစ်ကောင်စီတပ်ထွက် သတင်းပေး တစ်ဦးပစ်သတ်ခံရ 

Hsan Loi Editor
02/11/2023
Share:

 

အင်းလေးဒေသ ၊ နမ့်တုတ်ကျေးရွာတွင် ယနေ့ နံနက် ၉ နာရီအချိန်ခန့်က စစ်ကောင်စီတပ်ထွက် သတင်းပေးတစ်ဦး ပစ်သတ်ခံရကြောင်း ဒေသတွင်းသတင်းရင်းမြစ်ထံမှ သိရသည်။

 

နမ့်တုတ်ကျေးရွာနမ်ဘုရားအနီးတွင် ဆိုင်ကယ်၂ စီးဖြင့် မောင်းနှင်လာသူများက အဆိုပါ စစ်ကောင်စီတပ်ထွက်ဆိုသူကို လာရောက်ပစ်ခတ်ခဲ့ပြီး နေရာတွင်သေဆုံးသွားကြောင်းသိရသည်။

 

၄င်းပစ်ခတ်ခံရသူမှာ စစ်ကောင်စီ တပ်မ ၅၅ လက် အောက်ခံ ခမရ ၁၈ မှ စစ်ထွက်တစ်ဦးဖြစ်ပြီး ယခင်ကတည်းက စစ်တပ်ကောင်းကြောင်းပြောဆိုတတ်ကာ စစ်တပ်သတင်းပေးတစ်ဦးဖြစ်ပြီး ၄င်းနေအိမ်တွင်လည်း စစ်ကောင်စီတပ်သားများ အမြဲဝင်ထွက်သွားလာလေ့ရှိကြောင်း ဒေသခံများကပြောသည်။

 

၄င်းကို ဘီလူးချောင်း အနောက်ဖက်ကမ်းကျေးရွာများက လက်မခံသဖြင့် နမ့်တုတ်ရွာတွင်လာရောက်နေထိုင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်ကဆို သည်။

 

အဆိုပါပစ်ခတ်မှုနှင့်ပတ်သက်၍ မည်သည့်အဖွဲ့အစည်းက ပြုလုပ်ကြောင်း HsanLoiVoice မှ အတည်မပြုနိုင်သေးပေ။

 

ဓါတ်ပုံ – ပစ်ခတ်ခံရသူ၏ ရုပ်အလောင်း ။