နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

တရားဝင်ခရီးသွားစာရွက်စာတန်းအပြည့်အစုံပါမှ ပြည်တွင်းလေကြောင်း ခရီးသွားခွင့်ပြုမည်ဟုဆို

တရားဝင်ခရီးသွားစာရွက်စာတန်းအပြည့်အစုံပါမှ ပြည်တွင်းလေကြောင်း ခရီးသွားခွင့်ပြုမည်ဟုဆို

Hsan Loi Editor
01/11/2023
Share:

 

နိုဝင်ဘာ ၁ ရက်နေ့ကစတင်ပြီး ရန်ကုန်-မန္တလေးကို လေယာဉ်နဲ့ခရီးသွားလိုသူတွေ အတွက် ဆိုက် ရောက်နဲ့ထွက်ခွါပုံစံတွေကို မဖြစ်မနေဖြည့်စွက် ရမှာဖြစ်ပြီး နိုင်ငံသား စီစစ်ရေးကဒ်မှတ်ပုံတင်နဲ့ တရားဝင်ခရီးသွားစာရွက်စာတန်းအပြည့်အစုံပါမှ ခွင့်ပြုတော့ မှာဖြစ်တယ်လို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရဲ့ထုတ်ပြန်ချက်တွေအရ သိရ ပါတယ် ။

လေကြောင်းပို့ဆောင်ရေးဦးစီဌာနရဲ့ညွှန်ကြားချက်နဲ့ ရန်ကုန်မှမန္တလေးသို့ထွက်ခွာ မယ့်ခရီးသည်များအနေနဲ့ Departure Card (ထွက်ခွါပုံစံ)နဲ့ မန္တလေးမှ ရန်ကုန်သို့ စိုက်ရောက်ခရီးသည်တွေအတွက် Arrival Card (ဆိုက်ရောက်ပုံစံ) တွေကို မဖြစ်မနေဖြည့်စွက်ရမှာဖြစ်ပြီး အသေးစိတ်အချက်အလက်တွေကို သက်ဆိုင်ရာ လေကြောင်းလိုင်းအသီးသီးကို ဆက်သွယ်မေးမြန်း နိုင်တယ်လို့ ထုတ်ပြန်ထားတာပါ ။

Arrival နဲ့Departure Card ဟာ ပြည်ပထွက်ခွွာတဲ့ လေကြောင်းလိုင်းခရီးစဉ်မှသာ ဖြည့်ရတဲ့ဖောင်ဖြစ်တဲ့အတွက် အခုလို ပြည်တွင်းလေကြောင်းခရီးသွားလာမှုစည်းမျဉ်း သတ်မှတ်ချက်စနစ်သစ်အပေါ် ဝေဖန်မှုတွေ အမျိုးမျိုးရှိနေပါတယ် ။