နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ဂုတ်တွင်းလမ်းပိုင်းတွင် သစ်ပင်များခုတ်လဲပြီးပိတ်ထားသည့်အတွက်အသွားအလာပြုလုပ်၍ မရသေးကြောင်း ဒေသခံများဆို

ဂုတ်တွင်းလမ်းပိုင်းတွင် သစ်ပင်များခုတ်လဲပြီးပိတ်ထားသည့်အတွက်အသွားအလာပြုလုပ်၍ မရသေးကြောင်း ဒေသခံများဆို

Hsan Loi Editor
29/10/2023
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် ဂုတ်တွင်းလမ်းပိုင်းအား ယနေ့(၂၉.၁၀.၂၀၂၃) ရက်နေ့က စတင်ပြီး လမ်းမကြီးပေါ်အား သစ်ပင်ခုတ်လှဲပြီး ပိတ်ဆို့ထားပြီဖြစ်ကြောင်း သိရသည်။

 

ညနေပိုင်းကစတင်ပြီး ဂုတ်တွင်းတစ်လျောက် လက်နက်ကြီးသံများ ထွက်ပေါ်လာပြီး စစ်ရဟတ်ယာဉ်များလည်း အသွားအပြန်ပြုလုပ်နေသည်ဟု ဆိုသည်။

 

“ မနက်အစောပိုင်းတုန်းကတော့ နောင်ချိုမြို့နယ် ကျောက်ကြမ်းရွာဘက်မှာ မဟာမိတ်အဖွဲ့တွေက ဝင်သိမ်းလိုက်ကြတယ်ပြောတယ်။ အဲ့ဒီနောက်ပိုင်း ရဟတ်ယာဉ်တွေက ဗုံးလာလာလာကြဲသွားတယ်။ ဒီညနေပိုင်းတော့ ဂုတ်တွင်းတစ်ဝိုက်မှာ လက်နက်ကြီးသံတွေ ဆက်တိုက်ထွက်ပေါ်နေတယ်။ ဘယ်ဘယ်ကပစ်လိုက်တဲ့လက်နက်ကြီးလဲတော့ မသိဘူး။ နောင်ပိန်တိုက်နယ်ထဲက ကျေးရွာတော်တော်များများဆီကိုတော့ မဟာမိတ်အဖွဲ့တွေက ဝင်ရောက်နေရာယူပြီး အားဖြည့်ထားကြပြီ။ ကျေးရွာထဲကျန်နေတဲ့ ရွာသူရွာသားတွေရော ဘုန်းကြီးတွေရော တစ်ယောက်မှရွာပြင်ပေးမထွက်တော့ဘူး။” ဟု နောင်ပိန်ကျေးရွာမှ အမည်မဖော်လိုသူတစ်ဦးကပြောပြသည်။

 

ယနေ့ညနေပိုင်းတွင် နောင်ချို-ကျောက်မဲလမ်းပိုင်း၌ သွားလာနေကြသော ခရီးသွားများအား မြောက်ပိုင်းမဟာမိတ်အဖွဲ့လမ်းတစ်ဝက်တွင် တားဆီးပြီး နောက်ပြန်လှည့်ခိုင်းလျက်ရှိကြောင်း သတင်းရရှိသည်။