နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

TNLA အဖွဲ့ဝင်က သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် ဂုတ်တွင်းဧရိယာအနီး သျှမ်းရွာများအတွင်း ဝင်ရောက်နေရာယူထားမှုကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ထားရ

TNLA အဖွဲ့ဝင်က သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် ဂုတ်တွင်းဧရိယာအနီး သျှမ်းရွာများအတွင်း ဝင်ရောက်နေရာယူထားမှုကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ထားရ

Hsan Loi Editor
28/10/2023
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်အတွင်း ယနေ့ အောက်တိုဘာလ(၂၈)ရက်နေ့ နံနက်ပိုင်းကစတင်ပြီး TNLA နှင့် PDF ပူးပေါင်းအဖွဲ့တို့ နေရာဝင်ရောက်နေရာယူလာမှုကြောင့် ဒေသခံများ စိုးရိမ်ထိတ်လျက်ရှိကြောင်း သတင်းရရှိသည်။

 

နောင်ပိန်တိုက်နယ် ပင်ပေါရွာ၊ လုံကြိမ်ရွာ၊ နောင်ပစ်ရွာ၊ ပါမလုတ်ရွာ၊ ခဲလုံရွာတို့တွင် TNLA အဖွဲ့မှ ကျေးရွာအတွင်းရှိ ဘုန်းကြီးကျောင်းများတွင် ဝင်ရောက်နေရာယူထားမှုကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေပြီဖြစ်သည်။

 

“နောင်ချိုဘက်မှာ အောက်တိုဘာလ(၂၆)ရက်နေ့ကတည်းက TNLA နဲ့ စစ်ကောင်စီတပ်တွေတိုက်ပွဲ စဖြစ်ပြီး ဒီဘက်ကျောက်မဲဘက်ကို ရောက်လာတာပေါ့။ အဲ့နေ့က ညနေပိုင်းဆိုရင် စစ်ကောင်စီက စစ်ရဟတ်ယာဉ်တွေသုံးပြီး နောင်ပစ်အနီးတစ်ဝိုက် လာပစ်နေတာတွေရှိတယ်။ မနေ့ကဆိုရင်လည်း တစ်ညလုံး လေယာဉ်တွေကသွားလိုက်လာလိုက်လုပ်နေတာ တစ်ညလုံးပဲ။ ဒီနေ့ မနက်ပိုင်းမှာတော့ ခဲလုံ၊ ပါမလုတ်၊ တောင်ဆေးလိပ်ရွာဘက်က ရွာသူရွာသားတွေကို TNLA ပလောင်အဖွဲ့က ရွာထဲကနေ ရွာပြင်ကို ပေးမထွက်တော့ဘူး။ ပြီးတော့ တိုက်ပွဲဖြစ်ရင် လမ်းမကြီးတစ်လျောက်ဖြစ်မယ်လို့လည်း ရွာသားတွေကို ပြောထားလို့ ရွာသားတွေက ကြောက်နေကြတယ်။ လမ်းမကြီးနဲ့ နည်းနည်းနီးတဲ့ နောင်ပစ်ရွာ၊ ပင်ပေါရွာ၊ လုံကြိမ်ရွာက ရွာသူရွာသားတွေကတော့ နီးစပ်ရာဆွေမျိုးနဲ့ ဘုန်းကြီးကျောင်းတွေဆီကို ထွက်ပြေးတိမ်းရှောင်ထားရတယ်။” ဟု နောင်ပိန်ဒေသခံတစ်ဦးက ပြောပြသည်။

 

လက်ရှိတွင် ကျောက်မဲမြို့နယ်‌ နောင်ပိန်တိုက်နယ်အတွင်း တိုက်ပွဲဖြစ်မည်ကို စိုးရိမ်ပြီး ထွက်ပြေးတိမ်းရှောင်ထားရသည့် ဒေသခံ (၆၀၀)ဦးခန့်ရှိနေပြီဖြစ်ကြောင်း သတင်းရရှိသည်။