သျှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီနှင့် မြောက်ပိုင်း မဟာမိတ် ညီနောင် ( ၃)ဖွဲ့ ဖြစ်ပွားနေသော တိုက်ပွဲတွင် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ပါဝင်တိုက်ခိုက်နေကြောင်းသိရသည် ။
(BPLA) အနေနှင့် ကွမ်းလုံ၊ ဟိုပန်နှင့် ချင်းရွှေဟော် ဒေသတဝိုက်တွင် အဓိကလှုပ်ရှားနေပြီး ယနေ့စ တင်လိုက်သော ညီနောင်မဟာမိတ်(၃)ဖွဲ့၏ ၁၀၂၇ စစ် ဆင်ရေး(1027 Operation)တွင် ဗမာပြည်သူ့လွတ် မြောက်ရေးတပ်တော်(BPLA)ကလည်း ပါဝင်တိုက်ခိုက်နေကြောင်း BPLA ကယနေ့တွင်ထုတ်ပြန်ထားသည် ။
ထို့အပြင် ပြည်သူ့ကာကွယ်ကွယ်ရေးတပ်မတော် မန္တလေး People’s Defense Force-Mandalay ကလည်း ညီနောင်မဟာမိတ်(၃)ဖွဲ့၏ “1027 စစ် ဆင်ရေး”ကို ထောက်ခံကြိုဆိုကြောင်းနှင့် ၄င်းတို့အနေဖြင့်လည်း “တောင်သမန် စစ်ဆင်ရေး”ဖြင့် ညီနောင်မဟာမိတ်များနှင့်အတူ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ယနေ့ထုတ်ပြန်ချက်အရသိရသည်။

ဓာတ်ပုံ – BPLA