နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

တောင်ကြီးခရိုင်ရဲမှူးစီးနင်းလာတဲ့ ယာဥ်တန်းကို DPLF မိုင်းဆွဲတိုက်ခိုက် စစ်သား ၁ ဦးသေဆုံး ခဲ့ဟုဆို

တောင်ကြီးခရိုင်ရဲမှူးစီးနင်းလာတဲ့ ယာဥ်တန်းကို DPLF မိုင်းဆွဲတိုက်ခိုက် စစ်သား ၁ ဦးသေဆုံး ခဲ့ဟုဆို

Hsan Loi Editor
22/10/2023
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်း ၊ ရွာငံမြို့နယ်၊ ယုံဗွေကွမ်းသီးခြံတွင် စခန်းချပြီး ပြန်တက်လာသည့် တောင်ကြီးခရိုင်ရဲမှူးလိုက်ပါစီးနင်းလာသောစစ်ကောင်စီ ယာဥ်တန်းအား (DPLF) ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦးမှ အောက်တိုဘာလ (၂၁) ရက်နေ့ နံနက် (၀၈:၀၀) နာရီအချိန် ရေဦးလမ်းမကြီး‌ပေါ်တွင်မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

 

အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးခဲ့ပြီး၊ခရိုင်ရဲမှူးအပါအဝင် ၄ ဦး အပြင်း အထန်ဒဏ်ရာရရှိခဲ့ကြောင်း DPLF က အောက်တိုဘာ ၂၁ ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားခြင်းဖြစ်သည် ။

 

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဘက်က ရမ်းသမ်း ပစ်ခတ်မှုများ ပြုလုပ်ခဲ့ပြီး ၊ရေဦးလမ်းမကြီးကို ပိတ်ဆို့ စစ်ဆေးမှုများ တင်းကြပ်စွာပြုလုပ်လျှက်ရှိ ရာ DPLF မှ ဓနုဒေသအတွင်း နေထိုင်ကြသည့် ပြည်သူ များအနေနှင့် စစ်ကောင်စီတပ်များတပ်စွဲထားရာ နေရာများကို သတိထားရှောင်ရှားသွားရန်လည်းသတိပေး ထားသည်။

 

Photo- DPLF