နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

လွိုင်ကော်တွင် ၄၈ နာရီအတွင်းရေကြီးလာနိုင်ကြောင်းသတိပေးမှုများရှိနေ 

လွိုင်ကော်တွင် ၄၈ နာရီအတွင်းရေကြီးလာနိုင်ကြောင်းသတိပေးမှုများရှိနေ 

Hsan Loi Editor
18/10/2023
Share:

 

ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်တွင် (၄၈) နာရီအတွင်း ဘီလူးချောင်းရေ အနည်းငယ် မြင့်တက်လာနိုင်သောကြောင့် ဘီလူးချောင်းအနီး နေထိုင်ကြသည့်ပြည်သူများ ကြိုတင်ပြင်ဆင်ကြနိုင်ရန် လွိုင်ကော် သဘာဝဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေးအဖွဲ့ကယနေ့တွင် ကားဖြင့်လှည့်လည်သတိပေးနှိုးဆော်ထားကြောင်း သိရသည်။

 

“ မိုးဗြဲဆယ်မှ ရေထပ်လွှတ်ဖို့ရှိပါမယ် လောလော ဆယ်ရှိနေသော ရေမျက်နာပြင်ထက် ၄ လက်မခန့်ထပ်တက်ဖို့ရှိပါမယ်ဗျာ့။ ၄၈ နာရီအတွင်း တဖြည်း ဖြည်းချင်းမြင့်တက်လာမှာဖြစ်ပြီး ရုတ်တရက်ကြီးအလုံးအရင်းနှင့် ဝင်ရောက်လာမှာမဟုတ်တဲ့အတွက် ဘီလူးချောင်းကမ်းနားရှိနေအိမ်များ ကြိုတင်ပြင်ဆင်လို့အချိန်ရပါသေးတယ်” ဟု လွိုင်ကော်သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအဖွဲ့က လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်ထားသည်။

 

မိုးဗြဲရေကာတာမှ ထပ်မံလွှတ်မည့်အနေအထားမှာ စိုးရိမ်ရသောအခြေအနေသို့ မရောက်သေးသော် လည်း မိုးရွာနှုန်းပေါ်မူတည်၍ ခန့်မှန်းထားသော ရေမျက်နာပြင်ထက်ပို၍ အချိန်မရွှေး ရေတက်လာနိုင်သောကြောင့် မပေါ့ဆသင့်ပဲ ‌ကြိုတင်ပြင်ဆင်ထားရန်လိုအပ်ကြောင်း သတိပေးထားသည်။

 

လွိုင်ကော်မြို့ပေါ် နမ့်ကွတ်ရပ်ကွက် ၊ ရွှေတောင်ရပ်ကွက်၊ ဒေါဥခူရပ်ကွက် နှင့် မှုံပြာကျေးရွာတွင် မီးသတ်တပ်ဖွဲ့နှင့် သက်ဆိုင်ရာအဖွဲ့အစည်းများမှလိုအပ်သည်များ ကြိုတင်ပြင်ဆင်ပြီး စောင့်ကြည့်လျှက်ရှိသည်ဟု ထုတ်ပြန်ထားသည်။

 

ဓါတ်ပုံ – ရွှေလွိုင်ကော်ပရဟိတအသင်း