နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

NCA (၈) နှစ်ပြည့်အခမ်းအနား သွားရောက်ခဲ့သော ABSDF အဖွဲ့ဝင် (၃) ဦးအား တာဝန်မှရုတ်သိမ်းကြောင်း ABSDF မှ ထုတ်ပြန်ကြေညာ

NCA (၈) နှစ်ပြည့်အခမ်းအနား သွားရောက်ခဲ့သော ABSDF အဖွဲ့ဝင် (၃) ဦးအား တာဝန်မှရုတ်သိမ်းကြောင်း ABSDF မှ ထုတ်ပြန်ကြေညာ

Hsan Loi Editor
17/10/2023
Share:

 

အောက်တိုဘာလ (၁၅) ရက်နေ့က နေပြည်တော်တွင်ကျင်းပပြုလုပ်ခဲ့သော တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် – NCA (၈) နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။ ထိုအခမ်းအနားသို့ ABSDF မှ ဒုတိယဥက္ကဌ ရဲဘော်မျိုးဝင်းအပါအဝင် ရဲဘော်စောမောင်ဦးနှင့်ရဲဘော်မင်းဇော်တို့ တက်ရောက်ခဲ့သည်။

 

အောက်တိုဘာလ (၁၆) ရက်နေ့တွင် ABSDF မှ ဗဟိုကော်မတီအစည်းအဝေးကျင်းပပြုလုပ်ခဲ့ပြီး NCA (၈) နှစ်ပြည့်အထိမ်းအမှတ်အခမ်းအနား သွားရောက်ခဲ့သော ဒုဥက္ကဌနှင့် အဖွဲ့ဝင်တို့အား တာဝန်မှရုတ်သိမ်းကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ ထိုသို့ သွားရောက်တက်ရောက်ခဲ့ရာတွင်လည်း အဖွဲ့အစည်း၏ ဆုံးဖြတ်ချက်မဟုတ်ဘဲ ၎င်းတို့ဆန္ဒသဘောထားအရသာ တက်ရောက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

 

ABSDF သည် NCA လက်ရေးထိုးထားသော အဖွဲ့အစည်းဖြစ်ပြီး စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက် NCA ပျက်ပြယ်သွားပြီဟု ထုတ်ပြန်ကြေညာခဲ့ဖူးသည်။