နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

အင်းတိုင်းရင်းသားရေးရာဝန်ကြီးဟောင်း ဒေါက်တာထွန်းလှိုင် တိမ်းရှောင်ရင်း လူကြီးရောဂါဖြင့် ကွယ်လွန်ပြီဟုဆို

အင်းတိုင်းရင်းသားရေးရာဝန်ကြီးဟောင်း ဒေါက်တာထွန်းလှိုင် တိမ်းရှောင်ရင်း လူကြီးရောဂါဖြင့် ကွယ်လွန်ပြီဟုဆို

Hsan Loi Editor
12/10/2023
Share:

 

၂၀၁၅ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ အင်းတိုင်းရင်းသားရေးရာဝန်ကြီးအဖြစ်တာဝန်ယူခဲ့သော ဒေါက်တာထွန်းလှိုင်သည် လွန်ခဲ့သည့် (၂) ပတ်ခန့်ကတည်းက ကွယ်လွန်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

 

ဒေါက်တာထွန်းလှိုင်သည် စစ်ကောင်စီမှ အာဏာမသိမ်းခင် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ (၃၁) ရက်နေ့ညတွင် ဖမ်းဆီးခံခဲ့ရပြီး တစ်လခန့်အကြာ၌ ပြန်လည်လွတ်မြောက်လာခဲ့သည်။

 

ထို့နောက် ထွက်ပြေးတိမ်းရှောင်နေရပြီး ကွယ်လွန်ချိန်တွင်လည်း ထွက်ပြေးတိမ်းရှောင်ရင်း လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့ရခြင်းဖြစ်သည်။ ကွယ်လွန်ပြီး (၂) ပတ်ခန့်အကြာရောက်မှ မိသားစုဝင်များက သိရှိရပြီး ၎င်း၏ဈာပနအခမ်းအနားကိုလည်း မိသားစုတစ်ဦးမှ ပါဝင်ခွင့်မရခဲ့ပါ။

 

ဒေါက်တာထွန်းလှိုင်သည် အင်းလေးဒေသတစ်လျှောက်တွင် ဒေသခံပြည်သူများအား စေတနာဖြင့် ဆေးဝါးကုသပေးသူတစ်ဦးအဖြစ် ထင်ပေါ်ကျော်ကြားသူဖြစ်သည်။