နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

လူအိပ်မောကျချိန် စစ်ကောင်စီက KIA ဌာနချုပ်အနီးရှိ စစ်ဘေးရှောင်စခန်းအား ဗုံးကြဲတိုက်ခိုက်မှု လသားအရွယ်ကလေးငယ်အပါအဝင် စစ်ဘေးရှောင်(၃၀)ဦးခန့် သေဆုံးခဲ့

လူအိပ်မောကျချိန် စစ်ကောင်စီက KIA ဌာနချုပ်အနီးရှိ စစ်ဘေးရှောင်စခန်းအား ဗုံးကြဲတိုက်ခိုက်မှု လသားအရွယ်ကလေးငယ်အပါအဝင် စစ်ဘေးရှောင်(၃၀)ဦးခန့် သေဆုံးခဲ့

Hsan Loi Editor
10/10/2023
Share:

 

ယမန့်နေ့ အောက်တိုဘာလ(၉)ရက်နေ့ ည(၁၁)နာရီခွဲခန့်တွင် ကချင်ပြည်နယ် KIA ဌာနချုပ်အနီးရှိ မုန်လိုင်ခက်စစ်ဘေးရှောင်စခန်းအား စစ်ကောင်စီတပ်မှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

 

စစ်ကောင်စီ၏ ဗုံးများသည် စစ်ဘေးရှောင်စခန်းအပေါ်တည့်တည့်ကို ကျရောက်ပေါက်ခဲ့ပြီး လူအိပ်ချိန်ဖြစ်သောကြောင့် စစ်ဘေးရှောင်အများအပြား ထိခိုက်သေဆုံးခဲ့ရသည်။ ထိုအထဲတွင် လသားအရွယ်ကလေးငယ်အပါအဝင် အမျိုးသမီးနှင့်ကလေးငယ်များစွာပါဝင်သည်။ သေဆုံးသူ (၂၇)ဦးရှိသည်ဟု ယနေ့နံနက်ပိုင်းက ကချင်ပြည်နယ်သတင်းအရင်းအမြစ်များက ဖော်ပြခဲ့သည်။

 

ဒါ့အပြင် ထိခိုက်ဒဏ်ရာရရှိသူ (၅၀)ဦးကျော်ရှိပြီး အချို့မှာ ဒဏ်ရာပြင်းထန်ကြသည်ဟုဆိုသည်။ ယမန်နှစ် အောက်တိုဘာလ(၂၃)ရက်နေ့ ၂၀၂၂ ခုနှစ်တွင်လည်း စစ်ကောင်စီမှ ကချင်ပြည်နယ် ဖားကန့်မြို့နယ် အနန့်ပါကျေးရွာတွင် ကျင်းပပြုလုပ်သော တေးဂီတဖော်ဖြေပွဲအား ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကချင်အနုပညာရှင်များအပါအဝင် စုစုပေါင်း (၆၃)ဦး သေဆုံးခဲ့ရသည်။