ဓနု ဒရုန်းတပ်-DANU Drone Force သည် လက်ရှိအချိန်တွင် Drone Mission များ ပြုလုပ်ရန်ရှေ့ တန်းတစ်နေရာသို့ရောက် ရှိနေပြီဖြစ်ကြောင်း အောက်တိုဘာ (၆)ရက်နေ့ကသတင်းထုတ် ပြန်ထားသည် ။
DANU-Drone အဖွဲ့သည် (၁၀၀၃)တပ်ရင်း၊ဓနုအခြေ စိုက်ပြည်သူ့ကာကွယ်ရေးတပ်မတော်၊DANU PDF ၏ ဒရုန်းတပ်ခွဲဖြစ်ပြီး ဒရုန်းတပ်ခွဲရှေ့တန်းတွင် ဗုံးသီးများ လုံလုံလောက်လောက်အသုံးပြုနိုင်ရန်အ တွက် (၁၀၀၃) တပ်ရင်း မိုင်းထုတ်လုပ်ရေးအဖွဲ့မှ ဗုံးသီးများ ထုတ်လုပ်လျှက်ရှိ ကြောင်း ပုံနှင့်တစ်ကွ ထုတ်ပြန်ထားသည် ။
DANU Drone တပ်ဖွဲ့သည် ပြီးခဲ့တဲ့လအတွင်း ဒီးမော့ဆိုမြို့နယ်နှင့်ဖရူဆိုမြို့နယ်အကြားပြည် ထောင်စုလမ်းမကြီးဘေးရှိ ငွေတောင်ရွာသစ်၊ ကဒါးလား၊ ထီးသော်ကူး၊ ဒေါညေးခူကျေးရွာများတွင် ဖြစ်ပွားခဲ့သောတိုက်ပွဲများတွင်ကရင်နီဒေသကာ ကွယ်ရေး တပ်ဖွဲ့များနှင့်ပူးပေါင်း၍စစ်ကောင်စီအားတိုက်ခိုက်ခဲ့သောမှတ်တမ်းများထုတ်ပြန်ခဲ့သေးသည် ။
