သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

PDF တပ်ရင်း ၃၀၀ ကို ကန်ဒေါ်လာ ၁၅ သန်းကျော်ထောက်ပံ့ပေးခဲ့ကြောင်း NUG ထုတ်ပြန်

PDF တပ်ရင်း ၃၀၀ ကို ကန်ဒေါ်လာ ၁၅ သန်းကျော်ထောက်ပံ့ပေးခဲ့ကြောင်း NUG ထုတ်ပြန်

Hsan Loi Editor
04/10/2023
Share:

 

ခုခံတွန်းလှန်စစ် (၂) နှစ်တာ ကာလအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း / စစ် ကြောင်းများကို တပ်ရင်းထောက်ပံ့စရိတ် အဖြစ် အမေရိကန်ဒေါ်လာ (၁၅.၇)သန်း ခန့် ထောက်ပံ့ ခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန မှယနေ့ အောက် တိုဘာလ ၃ တွင်သတင်းထုတ်ပြန်ထားသည် ။

ကာကွယ်ရေးဝန်ကြီးဌာနမှ နိုင်ငံနှင့်တဝှမ်းဖွဲ့စည်းထားရှိသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ် ရင်း / စစ်ကြောင်း (၃၀၀) ခန့်ကို ပေးပို့ခဲ့တာဖြစ်ပြီး ယခုနောက်ဆုံးပေးပို့သည့် (၁၆) ကြိမ်မြောက် တပ်ရင်း ထောက်ပံ့စရိတ်အနေဖြင့် စုစုပေါင်း ခန့်မှန်းအမေရိကန်ဒေါ်လာ (၁) သန်းခန့် ရှိ ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိ သည် ။

အဆိုပါ တပ်ရင်းထောက်ပံ့စရိတ်များ၏ (၈၆) ရာခိုင် နှုန်း ဖြစ်သည့် ခန့်မှန်းအမေရိကန်ဒေါ်လာ (၁၃.၅) သန်းကို ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် (PRF) PRF – People’s Revolution Supply Familyအစီအစဥ်၏ ၂၁ လတာ (၂၀၂၁ ဒီဇင်ဘာမှ ၂၀၂၃ ခုနှစ် သြဂုတ်) ကောက်ခံ ရရှိသည့် ဘဏ္ဍာငွေများမှ ထုတ်နှုတ်သုံးစွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည် ။

ယခုအချိန်သည်ခုခံတွန်းလှန်စစ်၏ နောက်တစ်ဆင့်ဖြစ်သည့် မဟာဗျူဟာထိုးစစ်ကာလသို့ ရောက်ရှိလာသည့်အတွက် ဘဏ္ဍာငွေများ ဆက်လက်ထောက်ပံ့ကြရန်လည်း NUG ကတိုက်တွန်းထားသည် ။