သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

တာချီလိတ်မြို့ သုဿန်တစ်ခု၌ မွေးကင်းစကလေးငယ်တစ်ဦး စွန့်ပစ်ထားခြင်းခံခဲ့ရ

တာချီလိတ်မြို့ သုဿန်တစ်ခု၌ မွေးကင်းစကလေးငယ်တစ်ဦး စွန့်ပစ်ထားခြင်းခံခဲ့ရ

Hsan Loi Editor
28/09/2023
Share:

 

သျှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ သုဿန်တစ်ခုအတွင်း၌ မွေးကင်းစသမီးငယ်တစ်ဦးကို မိခင်စိတ်မရှိသောသူတစ်ဦးမှ စွန့်ပစ်ထားမှု စက်တင်ဘာလ(၂၆)ရက်နေ့တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

အဆိုပါ ကလေးငယ်စွန့်ပစ်ခံထားရသည်ကို ဒေသခံများက တွေ့ရှိပြီး ဦးလှမိုး တာချီလိတ်လူမှုကူညီရေးအသင်းကို ဆက်သွယ်ပြောပြကာ သမီးငယ်လေးအား လူမှုကူညီရေးအသင်းက မိုးမေတ္တာ ပရဟိတလူငယ်ဖွံ့ဖြိုးရေးဂေဟာထံ ပို့ဆောင်ပေးခဲ့သည်။

 

“ည(၇)နာရီလောက်မှ အဲ့နားမှာ ဖြတ်သွားဖြတ်လာတွေက ကလေးငိုသံကိုကြားပြီးတော့ သွားကြည့်တော့မှ ကလေးငယ်တစ်ဦး စွန့်ပစ်ခံထားရတာကို ကျနော်တို့လူမှုကူညီရေးအသင်းကို ဖုန်းဆက်ပြောပြလာတယ်။ ကျနော်တို့ သွားကြည့်လိုက်ကြတဲ့အချိန်မှ ကလေးငယ်က ကျန်းမာနေပြီးတော့ အခုမွေးပြီး လာစွန့်ပစ်ထားပုံရတယ်။ အဲ့ဒါကြောင့် ကလေးကိုချက်ချင်းခေါ်လာပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေပေးတယ်။ ကလေးရဲ့ ဘဝကို ကျနော်တို့က တာဝန်ယူကူညီစောင့်ရှောက်သွားပါမယ်။ မိခင်စိတ်မရှိတဲ့ ကလေးအမေများ ဒီလိုထပ်ဖြစ်လာခဲ့ရင် အဲ့လိုလုပ်ရပ်မျိုးလုံးဝမလုပ်ကြပါနဲ့ ။ ကျနော်တို့ ဆီကို ဆက်သွယ်ပြီး လာပေးကြပါ။” ဟု မိုးမေတ္တာ ပရဟိတလူငယ်ဖွံ့ဖြိုးရေးဂေဟာမှ အဖွဲ့ဝင်တစ်ဦးက ပြောပြသည်။

 

နောက်နောင်တွင် ယခုကဲ့သို့ ဖြစ်စဉ်များရှိခဲ့ပါက ယခုလို စွန့်ပစ်ခြင်းမပြုလုပ်ဘဲ ဦးလှမိုးတာချီလိတ်လူမှုကူညီရေးထံ လာရောက်အပ်နှံနိုင်ကြောင်း ၎င်းတို့အဖွဲ့မှ ရေးသားဖော်ပြထားသည်။