တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ပန်ဆန်းမြို့တွင် ကားမိုင်းပေါက်ကွဲပြီး သေဆုံးသူများပြားနိုင်သည်ဟုသိရ

“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ပန်ဆန်းမြို့တွင် ကားမိုင်းပေါက်ကွဲပြီး သေဆုံးသူများပြားနိုင်သည်ဟုသိရ

ahadmin
30/11/2022
Share:

 

ယနေ့ နိုဝင်ဘာလ(၃၀) ရက်နေ့ နံနက်ပိုင်းတွင် သျှမ်းပြည်နယ် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ပန်ဆန်းမြို့နယ် နမ့်လွတ်ရွာကားဂိတ်အနီးရှိ (TNLA) ရုံးနှင့် ခေါက်ဆွဲဆိုင်ရှေ့ လမ်းခွဲ၌ Alphard ကားတစ်စီးပေါ် ကားမိုင်းထောင်ထားပြီး ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါကားသည် အချိန်အကြာကြီး လာရောက်ရပ်တန့်ထားခြင်းဖြစ်ပြီး မည်သည့်အဖွဲ့ မည်သူက လာရောက်ရပ်တန့်ထားသည်ကို မသိရသေးဘဲ ပေါက်ကွဲမှု ပြင်းထန်ခဲ့ကြောင်း သိရသည်။

ခေါက်ဆွဲဆိုင်ရှေ့နှင့်ကားဂိတ်အနီးတွင် ပေါက်ကွဲခြင်းဖြစ်သောကြောင့် ဆိုင်အတွင်း ထိုင်နေကြသူများစွာရှိပြီး ထိခိုက်ဒဏ်ရာရသူနှင့် သေဆုံးသူများပြားနိုင်ကြောင်း သိရသည်။ အဆိုပါ ထိခိုက်သူများအထဲတွင် သက်ကြီးရွယ်အိုနှင့် ကိုယ်ဝန်ဆောင်မိခင်များပါဝင်သလို တချို့ထိခိုက်သူများ၏ ခန္ဓာကိုယ်အပိုင်းအစများစွာ လမ်းမကြီး ပျံ့ကျဲလျက်ရှိကာ လူ(၃၀) ဦး အထိ ထိခိုက်သေဆုံးနိုင်သည်ဟု သိရသည်။

အဆိုပါ ကားမိုင်းထောင်ပေါက်ကွဲမှုကြောင့် သေဆုံးသူများ၏ ရုပ်အလောင်းများကို UWSA အဖွဲ့က လာရောက်သယ်ဆောင်လျက်ရှိပြီး ဖြစ်စဉ်ကို စုံစမ်းလျက်ရှိကြောင်း သတင်းရရှိသည်။

credit & khurtai

#HsanLoiVoice

https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=

https://hsanloivoice.org/