စက်တင်ဘာလ ၂၄ ရက် ယမန်နေ့ နံနက်ပိုင်း ၇ နာရီ ၄၀ မိနစ်ခန့်တွင် ကချင်ပြည်နယ်တော်လှန်ရေးပျောက်ကြား NBPDF တပ်ဖွဲ့က ၁၀၇ မမ ၂ လုံး၊ ၉၀ မမ ၂ လုံးဖြင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ နမ့်ပေါင်လေတပ်စခန်းကို ပစ်ခတ်တိုက်ခိုက်ရာ လေတပ်အတွင်းရှိ ဂျက်တိုက်လေယာဉ် ၂ စီး ထိခိုက်ပျက်စီးသွားသည်ဟု ၎င်းတို့မှ ထုတ်ပြန်ထားသည်။
“ နမ့်ပေါင်လေတပ်စခန်းကို ပစ်ခတ်ဖို့ KIA နဲ့ PDF အထူးလှုပ်ရှားတပ်ဖွဲ့တွေက တနှစ်လောက် အချိန်ယူ စီစဉ်ခဲ့ပြီး ပစ်ခတ်ခဲ့တာ၊ ပစ်မှတ်တွေ လွဲချော်တာမျိုးမရှိပဲ ဒုံး ၄ လုံးစလုံး လေတပ်စခန်းထဲ ပေါက်ကွဲခဲ့တယ်” ဟု 7Stars News သို့ ဖြေကြားထားသည်။
လေတပ်ဆက်သွယ်ရေးတာဝါတိုင်၊ စက်ပြင် ဂိုလ်ဒေါင်နှင့် အရာရှိအဆောင်တို့ပါ အနည်းငယ်ထိခိုက်မှု ဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။

Ref: NBPDF, 7Stars News