UWSA ဝ ဒေသ ပန်ဆန်း၊ မိုင်းပေါက် ၊ NDAA မိုင်းလား အထူးဒေသ၊ လောက်ကိုင် နှင့် မူဆယ်မြို့နယ်များသို့ ထိုင်းနိုင်ငံသားများ သွားရောက်အလုပ်မလုပ်ကြရန် ရန်ကုန်အခြေစိုက် ထိုင်းသံရုံးက ထိုင်းနိုင်ငံသားများကို သတိပေးတားမြစ်လိုက်ကြောင်း သိရသည်။
လိင်ဖျော်ဖြေရေးလုပ်ငန်းများ၊ မူးယစ်ဆေးဝါး သုံးစွဲနိုင်ခြင်းများ၊ ပျော်ရွှင်ဖွယ် လောင်းကစားလုပ်ငန်းများဖြင့် ထိုင်းနိုင်ငံသားများကို မြူစွယ်နိုင်သည့်အတွက် ယင်းတို့အပေါ် မယုံကြည်ကြရန် သတိပေးထားသည်။
ထိုင်းနိုင်ငံသားများ၏ ပတ်စ်ပို့များကို အဆိုပါဒေသက လက်နက်ကိုင်အဖွဲ့များက သိမ်းဆည်း၍ ထိုင်းနိုင်ငံသို့ပေးမပြန်ပဲ လူကိုပါ ဆက်လက်ရောင်းစားခြင်းများ ပြုလုပ်နိုင်သည်ဟုဆိုသည်။
Ref: maesaipress