နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

Happy Water (ခေါ်) မူးယစ်ဆေးဝါးတစ်မျိုးအား သျှမ်းပြည်နယ်အရှေ့ပိုင်း၌ တာချီလိတ်မြို့၌ အများအပြား ဖမ်းဆီးရမိဟုဆို

Happy Water (ခေါ်) မူးယစ်ဆေးဝါးတစ်မျိုးအား သျှမ်းပြည်နယ်အရှေ့ပိုင်း၌ တာချီလိတ်မြို့၌ အများအပြား ဖမ်းဆီးရမိဟုဆို

Hsan Loi Editor
15/09/2023
Share:

 

သျှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြိုတွင် စက်တင်ဘာလ (၇) ရက်နေ့ ညနေပိုင်းခန့်က တာချီလိတ်လေဆိပ်၌ ခရီးသည်တစ်ဦး၏ စက္ကူဂျပ်ဖာအား စစ်ဆေးကြည့်ရာမှ Happy Water (၇.၈) ကီလို ခန့်မှန်းငွေကျပ်တန်ဖိုး (၅၈၅၀) သိန်းရှိသည့် စိတ်ပြောင်းမူးယစ်ဆေးအား ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီ၏ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ ဖော်ပြထားသည်။

 

ဒါ့အပြင် ဆက်စပ်သတင်းများအရ ယင်းနေ့တွင်ပင် တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်ရှိ နေအိမ်တစ်အိမ်အား ဝင်ရောက်ရှာဖွေရာ နောက်ထပ် Happy Water (၈.၅၂) ကီလို ငွေကျပ်တန်ဖိုး (၉၃၀၀) သိန်းအား ထပ်မံဖမ်းဆီးရမိခဲ့သည်ဟုဆိုသည်။

 

ထို့ကြောင့် အဆိုပါမူးယစ်ဆေးဝါးများကို လက်ဝယ်ထားရှိသူများဖြစ်သည့် မဖြိုးကေသီကျော်၊ မမူမူကြူ(ခ)နန်းလောဝ်ငင်း၊ စိုင်းဝိလတ်၊ မမီညား တို့အား တာချီလိတ်မြို့ရဲစခန်းတွင် ဖမ်းဆီးအရေးယူထားသည်ဟု ဆိုသည်။

 

ဒါ့အပြင် စက်တင်ဘာလ (၁၄) ရက်နေ့ ညနေ (၂) နာရီခန့်တွင်လည်း သျှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ မယ်ယန်းကျေးရွာအနီးတွင် TOYOTA CROWN မော်တော်ယာဉ်တစ်စီးအား တားဆီးစစ်ဆေးရာမှ ယာဉ်ပေါ်တွင် Happy Water (၅.၅၄) ကီလို တန်ဖိုးငွေကျပ်(၆၀၉၄)သိန်းနှင့် အက်တက်စီဆေးပြား (၂၀၀၀) ပြား တန်ဖိုးငွေကျပ်သိန်း (၈၀၀) အား ထပ်မံဖမ်းဆီးရမိခဲ့သည်။ ထို့ကြောင့် ယာဉ်ပေါ်လိုက်ပါစီးနင်းလာသူများဖြစ်သည့် ခင်မောင်သိန်း၊ မအီနွန်း၊ အိုက်တစ် နှင့် အိုက်လွတ်တို့အား ဖမ်းဆီးအရေးယူထားသည်ဟု သတင်းရရှိသည်။