သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

မိုးရွာသွန်းမှုကြောင့် တစ်ရက်အတွင်း လားရှိုးမြို့နယ်၌ ယာဉ်မတော်တဆမှု (၂) ကြိမ်ဖြစ်ပွား

မိုးရွာသွန်းမှုကြောင့် တစ်ရက်အတွင်း လားရှိုးမြို့နယ်၌ ယာဉ်မတော်တဆမှု (၂) ကြိမ်ဖြစ်ပွား

Hsan Loi Editor
14/09/2023
Share:

 

ယမန်နေ့ စက်တင်ဘာလ (၁၃) ရက်နေ့တွင် သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်၌ မိုးရွာသွန်းမှုကြောင့် ယာဉ်မတော်တဆမှု (၂) ကြိမ်ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

 

ယမန်နေ့ ညနေ (၄) နာရီ (၄၅) မိနစ်ခန့်တွင် လားရှိုးမြို့နယ် လားရှိုး-သိန္နီကားလမ်းမကြီး (၉)မိုင်ကုန်းဆင်း၌ အိမ်စီးကားငယ်(၂) စီး တိုက်မိခဲ့ပြီး မြောင်းထဲသို့ (၂) စီးစလုံး ခေါင်းထိုးကျခဲ့သည်။ မိုးအဆက်မပြတ်ရွာသွန်းပြီး လမ်းချော်မှုကြောင့် မတော်တဆမှုဖြစ်ပွားခြင်းဖြစ်ပြီး လူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

 

ဒါ့အပြင် ယနေ့ ညနေပိုင်းခန့်တွင်ပင် လားရှိုးမြို့ ရန်တိုင်းအောင်ဘုရားအနီး ပြည်ထောင်စုလမ်း၌ အိမ်စီးကားတစ်စီး လမ်းချော်ပြီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယာဉ်တိမ်းမှောက်မှု ထိခိုက်ဒဏ်ရာရရှိသူမရှိသော်လည်း မိုးရာသီအတွင်း ယာဉ်မောင်းများအနေဖြင့် မော်တော်ယာဉ်များအား ဂရုစိုက်မောင်းနှင်ရန်လိုအပ်သည်။