သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

“ဝ” ဒေသတွင် ကျားဖြန့် လိမ်လည်မှုလုပ်ငန်း လုပ်ကိုင်သူ (၁၂၀၇) ဦးအား UWSA က ဖမ်းဆီးပြီး တရုတ်ရဲထံ လွှဲပြောင်းအပ်နှံ

“ဝ” ဒေသတွင် ကျားဖြန့် လိမ်လည်မှုလုပ်ငန်း လုပ်ကိုင်သူ (၁၂၀၇) ဦးအား UWSA က ဖမ်းဆီးပြီး တရုတ်ရဲထံ လွှဲပြောင်းအပ်နှံ

Hsan Loi Editor
09/09/2023
Share:

 

ရှမ်းပြည် မိုင်းပေါက်မြို့နယ် “ဝ” ဒေသတွင် စက်တင်ဘာလ ၅ ရက်နေ့နှင့် ၆ ရက်နေ့က ဖမ်းဆီးရမိသော “ကျားဖြန့်” ခေါ် ငွေကြေးလိမ်လည်မှုလုပ်ငန်း လုပ်ကိုင်နေသူများကို UWSA က တရုတ်အစိုးရထံ လွှဲအပ်ပေးကြောင်း သတင်းရရှိသည်။

တရုတ်ရဲတပ်ဖွဲ့နှင့်ပူးပေါင်းပြီး မြန်မာနိုင်ငံအတွင်းရှိ ကျားဖြန့် အွန်လိုင်း ငွေကြေးလိမ်လည်မှုလုပ်ငန်း နေရာများကို ဝင်ရောက်စီးနင်း၍ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ကျားဖြန့်” ခေါ် ငွေကြေးလိမ်လည်မှုဂိုဏ်းသည် ယခင်က တရုတ်မြန်မာ နယ်စပ်မြို့များတွင်သာ ရှိခဲ့သော်လည်း စစ်အာဏာသိမ်းမှု နောက်ပိုင်းတွင် ရန်ကုန်နှင့် မန္တလေးအပြင် သျှမ်းပြည်နယ်မြောက်ပိုင်း မြို့ကြီးများတွင်ပါ ပျံ့နှံ့လာနေခြင်းဖြစ်သည်။

ယခုဖမ်းဆီးရမိသော တရုတ်နိုင်ငံသားများ​၏ ကိုယ်ရေးအချက်အလက်များကို ဖော်ပြထားခြင်းမရှိသလို တရုတ်နိုင်ငံဘက်မှလည်း မည်ကဲ့သို့အရေးယူမည်ကို မသိရသေးပါ။

ကျားဖြန့် ဟုခေါ်သော ငွေကြေးလိမ်လည်သူများကြောင့် မြန်မာနိုင်ငံသားများစွာ လောင်းကစားဂိမ်းများကစားပြီး ဘဝပျက်ခဲ့ရသလို စီးပွားရေးလုပ်ငန်းရှင်များကိုပါ ဦးတည်လာကြောင်း သိရသည်။

photo credit & original uploader