နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

၂၀၂၆ ခုနှစ်တွင် မြန်မာနိုင်ငံအား အာဆီယံအလှည့်ကျဥက္ကဌအဖြစ် တာဝန်ပေးမည်မဟုတ်ကြောင်း အာဆီယံဆုံးဖြတ်ခဲ့သလို စစ်ကောင်စီခေါင်းဆောင်အနေဖြင့် အာဆီယံထိပ်သီးညီလာခံကိုလည်း တက်ရောက်ခွင့်ရဦးမည်မဟုတ်

၂၀၂၆ ခုနှစ်တွင် မြန်မာနိုင်ငံအား အာဆီယံအလှည့်ကျဥက္ကဌအဖြစ် တာဝန်ပေးမည်မဟုတ်ကြောင်း အာဆီယံဆုံးဖြတ်ခဲ့သလို စစ်ကောင်စီခေါင်းဆောင်အနေဖြင့် အာဆီယံထိပ်သီးညီလာခံကိုလည်း တက်ရောက်ခွင့်ရဦးမည်မဟုတ်

Hsan Loi Editor
06/09/2023
Share:

 

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး (အာဆီယံ) အဖွဲ့ဝင် နိုင်ငံခေါင်းဆောင်များသည် ၂၀၂၆ ခုနှစ်တွင် မြန်မာနိုင်ငံအား အာဆီယံအလှည့်ကျဥက္ကဌအဖြစ် တာဝန်ပေးမည်မဟုတ်ဘဲ ဖိလစ်ပိုင်နိုင်ငံကို ဥက္ကဌနေရာ ပေးအပ်သွားဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင် ကျင်းပပြုလုပ်သည့် အာဆီယံထိပ်သီးအစည်းအဝေး၌ ဆုံးဖြတ်ခဲ့ကြောင်း သတင်းရရှိသည်။

ယခုကျင်းပပြုလုပ်လျက်ရှိသည့် အာဆီယံထိပ်သီးအစည်းအဝေးတွင်လည်း မြန်မာနိုင်ငံကို ဖိတ်ကြားတက်ရောက်စေခြင်းမပြုခဲ့သလို လာမည့် ၂၀၂၆ ခုနှစ်တွင်လည်း စစ်ကောင်စီခေါင်းဆောင်အနေဖြင့် အာဆီယံထိပ်သီးအစည်းအဝေးကို တက်ရောက်ခွင့်ရှိဦးမည် မဟုတ်ကြောင်း သိရသည်။

၂၀၂၁ ခုနှစ်တွင် စစ်ကောင်စီအဖွဲ့မှ အာဏာသိမ်းမှုပြုပြီးနောက် ကမ္ဘာ့နိုင်ငံအသီးသီးက မြန်မာနိုင်ငံကို စီးပွားရေးအရ ပိတ်ဆို့မှုများပြုလုပ်ခဲ့သလို ယခုအခါ အာဆီယံကပါ စစ်ကောင်စီကို ပြင်းထန်သော ကန့်ကွက်မှုများ ပြသလာခြင်းဖြစ်သည်။

ထို့ကြောင့် လာမည့် ၂၀၂၆ ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဌရာထူးအား ဖိလစ်ပိုင်နိုင်ငံသမ္မတ ဖာဒီနန် မားကိုစ့် ဂျူနီယာမှ တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။