သျှမ်းနီအမျိုးသားတပ်တော် (SNA) တပ်မဟာ ၉၇၂ ၏ အမှတ်စဉ် (၁) အပတ်စဉ် (၁၂) စစ်သင်တန်းဆင်းပွဲကို ဩဂုတ်လ (၃၀) ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး သျှမ်းနီအမျိုးသားတပ်တော် (SNA) ထိန်းချုပ်နယ်မြေ တစ်နေရာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။
ယခုတစ်ကြိမ် သျှမ်းနီအမျိုးသားတပ်တော် (SNA) ၏ စစ်သင်တန်းတွင် သင်တန်းသူ/သား စုစုပေါင်း (၅၀၀)ဦးကျော် စစ်ပညာများကို ပို့ချသင်ကြားနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
