နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

မြဝတီမြို့ပေါ်ရှိ စစ်ကောင်စီတပ်နှင့်အုပ်ချုပ်ရေးအဖွဲ့ဝင်များအား ဒေသခံကာကွယ်ရေးတပ်မှ ဒရုန်းဖြင့်တိုက်ခိုက်မှု ဌာနဆိုင်ရာအရာရှိများ သေဆုံးခဲ့ဟုဆို

မြဝတီမြို့ပေါ်ရှိ စစ်ကောင်စီတပ်နှင့်အုပ်ချုပ်ရေးအဖွဲ့ဝင်များအား ဒေသခံကာကွယ်ရေးတပ်မှ ဒရုန်းဖြင့်တိုက်ခိုက်မှု ဌာနဆိုင်ရာအရာရှိများ သေဆုံးခဲ့ဟုဆို

Hsan Loi Editor
04/09/2023
Share:

 

ယမန်နေ့ စက်တင်ဘာလ(၃)ရက်နေ့ ည(၇)နာရီဝန်းကျင်ခန့်တွင် မြဝတီမြို့ ရဲစခန်းအား ဒေသခံကာကွယ်ရေးအဖွဲ့များက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုကမှု စစ်ကောင်စီအဖွဲ့ဝင်နှင့် ဌာနဆိုင်ရာဝန်ထမ်း(၅)ဦးခန့်သေဆုံးပြီး (၁၀)ဦးကျော်ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

 

သေဆုံးသူများတွင် မြဝတီခရိုင်ရဲမှူး ဦးစိုးတင့်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးအရာရှိ ထွန်းထွန်းငြိမ်း၊ အထွေထွေအုပ်ချုပ်ရေး အကြီးတန်းစာရေး ပြည့်ဖြိုးအောင်၊ ယာယီတပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်ကျော်မင်းနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲအုပ် နေလင်းစိုးတို့ဖြစ်ကြောင်း သိရသည်။

 

ည(၇)နာရီဝန်းကျင်ခန့်တွင် မြဝတီမြို့လယ်ရှိ ရဲစခန်းနှင့်ခရိုင်ရုံးအား ဒရုန်းဖြင့်စတင်တိုက်ခိုက်ခြင်းဖြစ်ပြီး ထိုပေါက်ကွဲမှုအား လာရောက်စစ်ဆေးသော စစ်ကောင်စီတပ်နှင့် ဌာနဆိုင်ရာများအား ဒရုန်းဖြင့် ဗုံး(၂)လုံး ထပ်မံတိုက်ခိုက်ရာမှ အများအပြား ထိခိုက်သေဆုံးခြင်းဖြစ်ကြောင်း ဒေသသတင်းအရင်းအမြစ်များ၏ ဖော်ပြချက်အရ သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုသည် Federal Wings ဒရုန်းတပ်ဖွဲ့၏ တိုက်ခိုက်မှုဖြစ်ကြောင်း ကော်ဘရာစစ်ဆင်ရေးမှူး ဗိုလ်ဒါဘောမှ မီဒီယာများထံ ဖြေကြားထားသည်။