နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

RCSS/SSA ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် Thai PBS နှင့် တွေ့ဆုံမေးမြန်းမှု

RCSS/SSA ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် Thai PBS နှင့် တွေ့ဆုံမေးမြန်းမှု

Hsan Loi Editor
28/11/2022
Share:

RCSS/SSA ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လိူင်နှင့် တွေ့ဆုံပြီးနောက် Thai PBS နှင့် တွေ့ဆုံမေးမြန်းမှု

(မြန်မာဘာသာပြန်)

21 October 2022 (10:15 AM)

RCSS ရဲ့ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့က ထုတ်ပြန်ကြေညာချက် ကိစ္စ ပြောပါဦး။ အဲ့မတိုင်ခင်မှာ စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လိူင်နဲ့ တွေ့ခဲ့သေးတယ်။ မေလနဲ့ သြဂုတ်လ ၂ ကြိမ် တွေ့ခဲ့တယ်။ အဲ့ဒီ ၂ ကြိမ်တွေ့ဆုံမှု အခန်းကဏ္ဍဘယ်လိုရှိသလဲ?

ဗိုလ်ချုပ်ကြီး ယွက်စစ်သျှမ်းပြည်နယ်ထဲမှာဘဲ ဖြစ်ဖြစ်၊ ပြည်ထောင်စုတဝန်းလုံးဘဲ ဖြစ်ဖြစ် စပြီး ပစ်ခတ်တိုက်ခိုက်လာကတည်းက (တော်လှန်ရေးလုပ်လာကတည်းက) ၆၃၆၄နှစ်လောက်ပေါ့၊အခုအာဏာသိမ်းတဲ့ကိစ္စကိုပြန်စဥ်းစားကြည့်ကြရမယ်ဆိုရင်ပဋိပက္ခကတနေ့ပြီးတနေ့ပိုကြီးလာတယ်၊အဲ့လိုမျိုးပိုကြီးလာတော့အချက်၃ချက်ပေါ့။

) က ပြည်သူတွေ ဒုက္ခရောက်တယ် သက်ကြီးရွယ်အိုတွေ ကလေးတွေပါ သက်ရောက်မှုရှိတယ်၊ စစ်ကြောင့် တိမ်းရှောင်ကြရတယ်၊ သွားလေရာ ဒုက္ခရောက်ကြတယ်၊ နိုင်ငံတကာက လူသားချင်းစာနာထောက်ထားတဲ့ အကူအညီအထောက်အပံ့တွေလည်း မရဘူး၊ ပြည်သူလူထုအချင်းချင်းဘဲ ကူညီကြရတယ်။ အဲ့ဒါကြောင့် တော်လှန်ရေးကာလ နှစ်ပေါင်း ၅၀၆၀အတွင်းဘာပြဿနာမှမရှင်းနိုင်ခဲ့ဘူး၊ကြောက်စရာကောင်းတာကအမျိုးသားရေးလဲပြိုသွားမယ့်ကိစ္စပါ

) ကိုဗစ်၁၉ရောဂါဒဏ်ကိုလည်းပြည်သူလူထုကခံရတယ်။ဆေးမရသေးတဲ့သူတွေမကုရတဲ့သူတွေလည်းအများကြီးရှိမှာပါ။မသေသင့်ဘဲနဲ့သေသွားရတယ်။ဒါလည်းပြည်သူလူထုအပေါ်သက်ရောက်မှုရှိတယ်။

)စီးပွားရေးကိစ္စပါ။ပြည်သူလူထုကတောင်ယာလယ်လုပ်ငန်းတွေလုပ်ကြတယ်။သျှမ်းပြည်နယ်ဟာလယ်ယာနဲ့တောင်ယာလုပ်တဲ့ပြည်နယ်တခုဖြစ်တယ်။ထုတ်လုပ်ပေမယ့်လည်းရောင်းဖို့စျေးကွက်မရှိဘူး။တရုတ်ကလည်းနယ်စပ်ဂိတ်တွေအကုန်ပိတ်ထားတယ်။ထိုင်းနယ်စပ်လည်းအကုန်ပိတ်ထားတယ်။အိန္ဒိယလည်းပိတ်တယ်။ဘယ်မှာမှရောင်းလို့မရဘူးပေါ့။ဟုတ်ပြီပေါ့ကျနော်ပြန်စဥ်းစားကြည့်တာသူတို့ပြောင်းလဲမှရမယ်။ပြောင်းလဲဖို့မစဥ်းစားဘူးဆိုရင်အပြုအမှုတွေမပြောင်းလဲဘူးဆိုရင်အကုန်လုံးနှစ်နာကုန်မှာပါ။

Thai PBS –  သူတို့ဆိုတာဘယ်သူ့ကိုပြောတာလဲ။ပြောင်းလဲဖို့စဥ်းစားရမယ်ဆိုတာလေ။

ဗိုလ်ချုပ်ကြီး ယွက်စစ်လက်နက်ကိုင်တဲ့အဖွဲ့အစည်းအားလုံးပေါ့။ ဗမာတပ်မတော်ဘဲ ဖြစ်ဖြစ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဘဲ ဖြစ်ဖြစ်၊ ပြည်ထောင်စုတဝှမ်းလုံးထဲကပေါ့။ ပုံစံဟောင်းအတိုင်းသွားမယ်ဆိုရင် နှစ်ဖက်စလုံး နှစ်နာမှာပါ။ ဘယ်သူမှ မနိုင်ဘူး ပြည်သူလူထုလည်း ပူဆွေးရမယ်။ ကျနော်လည်း အဲ့လို စဥ်းစားတယ်၊ စမ်းကြည့်မယ်ပေါ့။ ၄ လစာ ကြေညာထားတယ်။ ၄ လအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးကို စာပို့မယ်။ စာပို့ပြီးရင် ကိုယ်စားလှယ်တွေ စေလွတ်ပြီး ညှိနှိုင်းဆွေးနွေးမယ်။ ကျနော်ချထားတဲ့ Road Map ၃ဆင့်လောက်ရှိမယ်။

Thai PBS –  ဘယ်လိုမျိုးလဲ?

ဗိုလ်ချုပ်ကြီး ယွက်စစ်နံပါတ်၁ကကြေညာချက်ထုတ်မယ်။တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအတိုင်းသိဖို့ပေါ့။သဘောတူတဲ့အဖွဲ့ရောရှိချင်ရှိပါလိမ့်မယ်။အမြင်ခြင်းမတူတာရောရှိနိုင်ပါတယ်။စဥ်းစားမရဘဲဇဝေဇဝါဖြစ်နေတဲ့သူတွေလည်းရှိနိုင်ပါတယ်။စဥ်းစားနိုင်ဖို့ပါ။နံပါတ်၂ကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတိုင်းကိုအဲ့စာပို့ပေးမယ်။အဲ့စာရောက်တာနဲ့သူတို့ဘယ်လိုစဥ်းစားမလဲပေါ့။သူတို့စိတ်ဝင်စားရင်လည်းစာပြန်လာမှာပါ။စိတ်ဝင်စားတယ်၊ညှိနှိုင်းချင်တယ်သိချင်တယ်ဆိုရင်ကျနော်ဘယ်လိုဆက်လုပ်မလဲဆိုတာတွေပါ။သူတို့စိတ်ဝင်စားရင်ကျနော့်ကိုလာတွေ့ဖို့မလိုပါဘူး။သူတို့စိတ်ဝင်စားတယ်ဆိုရင်ပေါ့ကိုယ်စားလှယ်တွေစေလွတ်ပါ့မယ်အဖွဲ့အစည်းတိုင်းဆီကိုပေါ့။အဖွဲ့အစည်းတိုင်းနဲ့သွားတွေ့ပေါ့။

Thai PBS – NCA လက်မှတ်ထိုးတဲ့အဖွဲ့တွေရော မထိုးတဲ့အဖွဲ့တွေကိုရောလား?

ဗိုလ်ချုပ်ကြီး ယွက်စစ်ပထမဆုံးကျနော်စဥ်းစားထားတာကသျှမ်းပြည်နယ်ထဲကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကိုပဲပြောတာပါ။သျှမ်းပြည်နယ်ထဲကအဖွဲ့တွေစုံသွားပြီဆိုရင်တော့တခြားအဖွဲ့တွေဆီလည်းသွားရမှာပေါ့။

Thai PBS – ဒီမတိုင်ခင်လည်း တခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ဖူးတယ်။ ဒီတကြိမ်ကျတော့ရော အပြောင်းအလဲ ဘာတွေ ဖြစ်လာနိုင်သလဲ။ အတူတကွ ပူးပေါင်းဆောင်ရွက်ကြမယ်ဆိုရင် ဒီတကြိမ် ညှိနှိုင်းဆွေးနွေးမှုက အရင်ကနဲ့ ဘာတွေ ကွာခြားမှာမလို့လဲ?

ဗိုလ်ချုပ်ကြီး ယွက်စစ်ကျနော် အတွေ့အကြုံအရ အပစ်အခတ်ရပ်စဲရေး ၅၆နှစ်အတွင်းပေါ့၊ညှိနှိုင်းဆွေးနွေးကြတာသွားငြင်းခုံကြတာပါ။ညှိနှိုင်းဆွေးနွေးတာမဟုတ်ဘူး။သူ့မူကိုယ့်မူကိုယ့်ရပ်တည်ချက်နဲ့ကိုယ်ဘယ်သူ့ဘယ်သူမှအလျော့မပေးကြဘူး၊အဲဒါကြောင့်ရှေ့မဆက်နိုင်တာ။နောက်ဆုံးဘယ်သူမှလည်းမနိုင်ဘူး။ဒီတကြိမ်ကတော့သူ့မူကိုယ့်မူရပ်တည်ပြီးတော့မှလာမှာမဟုတ်ဖူး။ပြည်နယ်နဲ့ပြည်သူလူထုကိုဗဟိုပြုမှအဆင်ပြေမယ်။ဒီကနေ့ခေတ်ဟာဆိုရင်ဒီဂျစ်တယ်ခေတ်ဖြစ်တယ်။လိမ်ကြဖို့ခက်တယ်။တံခါးပိတ်ပြီးကြောင်ရိုက်လို့မရတော့ဘူး။

Thai PBS – စစ်ကောင်စီဥက္ကဌဗိုလ်ချူပ်မျူးကြီးမင်းအောင်လိူင်ကိုကြည့်မယ်ဆိုရင်ဗိုလ်ချုပ်ကြီးသွားတွေ့လာတာအကြိမ်ကြိမ်ပေါ့အခြေအနေဘယ်လိုရှိသလဲ။ဗိုလ်ချုပ်မှူးကြီးမင်းအောင်လိူင်ပြောင်းလဲလာသလား။သို့မဟုတ်တိုင်းရင်းသားတွေအမြဲတမ်းတွေ့ကြုံခဲ့ရတဲ့ဗမာပုံစံဘဲလား။

ဗိုလ်ချုပ်ကြီး ယွက်စစ်ဒီတခေါက် ပြည်ထောင်စု အခြေအနေကို ကြည့်မယ်ဆိုရင် အာဏာသိမ်းမှုထဲမှာ ဒီတကြိမ် အဆိုးဆုံးဘဲ။ ဦးနေဝင်းခေတ်တုန်းကလည်း လေ့လာကြည့်ဖူးတယ်ပေါ့။ ဦးသန်းရွေခေတ်ရော ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးကတည်းက ဗမာကြီးဘဲ အာဏာသိမ်းတာ အကြိမ်တိုင်း။ တိုင်းရင်းသားတွေ အာဏာမသိမ်းရဘူး။ အကြိမ်တိုင်းထဲမှာ အဆိုးရွားဆုံးက ဒီတကြိမ်ဖြစ်တယ်။ နိုင်ငံရေးကနေ ဖြစ်လာတယ်ပေါ့။ NLD ရွေးကောက်ပွဲနိုင်တယ် တဖက်က ရူံးသွားခဲ့တယ်။ စစ်တပ်က အသိအမှတ်မပြုဘဲ NLD မဲလိမ်တယ်လို့ စွပ်စွဲတယ်၊ တကယ်တော့မသိပါဘူး ကျနော်လည်း ရွေးကောက်ပွဲမဝင်ရပါဘူး။ ဒီလိုဆိုရင် ရူပ်ကုန်တော့မယ်ပေါ့။ သူတို့ လျော့ကြပြီး ထိုင်ပြီး ဆွေးနွေးသင့်ပါတယ်။ မင်းအောင်လိူင်လည်း သူ့ကို ကြည့်ရတာ နောင်တရမှာပါ။ သူလည်း ဒီလောက်ထိ ဆိုးရွားသွားလိမ့်မယ်လို့ မထင်ဘူးထင်တယ်။ ဒါကျနော့်ဘက်က စဥ်းစားကြည့်တာပါ။ ဘာလို့လည်းဆိုတော့ အခြေအနေက ထိန်းချုပ်ဖို့ အရမ်းခက်ပါတယ်။ ပြည်သူလူထုက လက်နက်ကိုင်ပြီး တော်လှန်မယ်လို့ သူမထင်ထားဘူးလို့ ယူဆတယ်။ ဒီတခေါက် တော်လှန်ရေးက ၈၈၈၈ (၈ လေးလုံး) နဲ့ မတူပါဘူး။ ပြည်သူလူထုပါဝင်မှုက အရမ်းများတယ်။ နိုင်ငံတကာရယ် အာစီယံရယ် ဘယ်သူမှလည်း စိတ်မဝင်စားကြဘူး။ ဒါ့ကြောင့် ပြည်သူလူထုကလည်း သေနတ်ခြင်း သေနတ်ပေါ့။ ဒါးခြင်း ဒါး တွေ့ရတဲ့အနေအထား ဖြစ်သွားတယ်ပေါ့။ ဒါ့ကြောင့် PDF အဖွဲ့တွေ ပေါ်လာတယ်။ PDF အဖွဲ့အစည်းတွေနေရာတိုင်းပေါ်လာတယ်။ဘာဘဲဖြစ်ဖြစ်သေနတ်နဲ့ပစ်ကြတော့တာ။သေနတ်ကိုလည်းကိုယ့်ဖာသာလုပ်ကြတာတွေလည်းရှိတယ်။စစ်ကောင်စီဘက်ကအင်အားများပေမယ့်လည်းသူတို့ဘယ်မှာသွားတိုက်ရမှာလည်းမသိဘူးဖြစ်နေတယ်။တိုက်ဖို့နေရာမရှိဘူးလေ။ပြောက်ကျားနည်းနဲ့စောင့်ပြီးတိုက်တယ်။

Thai PBS – PDF ရဲ့ ပြောက်ကျားဗျုဟာတိုက်စစ်နဲ့ အင်အား အင်မတန်ကြီးတဲ့ စစ်ကောင်စီတပ်ကို တိုက်နိုင်မယ်လို့ ထင်သလား

ဗိုလ်ချုပ်ကြီး ယွက်စစ်  ပြည်သူလူထုက ပေါက်ဖွားလာတာဖြစ်တယ်။ တိုက်ခိုက်နည်း မသိဘူး။ တချို့လူတွေလည်း သိနိုင်ပါတယ်။ ဘာလို့လည်းဆိုတော့ ဒေသခံတွေဖြစ်နေကြတာဆိုတော့။ သူတို့ နယ်မြေကျွမ်းကျင်တယ်လေ။ စစ်တပ်ဘယ်သွားမှာလည်း သူတို့ အကုန်သိနိုင်တယ်လေ။ သူတို့လည်း စောင့်ပစ်မယ်။ ဗုံးထောင်မယ်။ ဗုံးလည်း ကိုယ့်ဖာသာကိုယ်လုပ်ကြတယ်။ ဒါတွေက မြင်နေရတဲ့ဥစ္စာတွေပါ။ ဒီလိုဆက်ဖြစ်နေမယ်ဆိုရင် အစုအဖွဲ့တွေ စုစည်းမှုတွေပို များလာနိုင်တယ်။ အရေးကြီးဆုံးက SAC ပေါ့တပ်မတော်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လိူင်ဘယ်လိုဖြေရှင်းမလဲပေါ့။

Thai PBS – မင်းအောင်လိူင်ပျော့သွားတယ်လို့ထင်သလား၊တွေ့ကြတုန်းကသူ့အခြေအနေဘယ်လိုလဲ

ဗိုလ်ချုပ်ကြီး ယွက်စစ်တွေ့ကြတုန်းက သူ့ဘက်က ကျနော်အဆိုပြုတာ လက်ခံတဲ့ကိစ္စ ၄ ခုတော့ ရှိပါတယ်။ နံပါတ် ၁ က တိုင်းပြည်ကို ဖက်ဒရယ်ဒီမိုကရေစီစနစ်နဲ့ တည်ဆောက်သွားမယ်လို့ ဆိုတာကို သူလက်ခံတယ်။ နံပါတ် ၂ အချက်က ရွေးကောက်ပွဲအတွက် PR စနစ်ကိုအသုံးပြုမယ်ဆိုတာ။နံပါတ်၃အချက်ကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတိုင်းနဲ့သူတွေ့ဆုံညှိနှိုင်းမယ်ဆိုတာရယ်သူအဖွဲ့စည်းတိုင်းနဲ့တွေ့ချင်တယ်ဆိုတာရယ်၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်းပြင်ချင်ပုံရတယ်ဘယ်တခေါက်ပဲဖြစ်ဖြစ်ဒီဟာကိုသူချပြတယ်။အခုအခြေအနေကိုကြည့်တာမဟုတ်သေးဘူးပေါ့၊နိုင်ငံရေးအရအရင်ဆွေးနွေးရမယ်၊နိုင်ငံရေးအရင်ညှိရမယ်၊၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကိုလာချပြပြီးပြင်ကြမယ်ဆိုရင်ဘယ်လိုလုပ်ပြင်နိုင်မလဲ။အဖွဲ့အစည်းတိုင်းကအကြံပြုချက်ပေးကြမယ်ဆိုတာလည်းမဖြစ်နိုင်ပါဘူးအဓိပ္ပာယ်မရှိဘူး။၂၀၀၈ကသူတို့နည်းလမ်းနဲ့ရေးဆွဲခဲ့တာဖြစ်တယ်။သူတို့စဥ်းစားချက်သူတို့ပုံဖော်ထားတာဖြစ်တယ်။သူတို့ပုံဖော်ထားပြီးကျနော်တို့ကိုပြင်ခိုင်းတာမဖြစ်နိုင်ဘူးဘယ်လိုဖြစ်နိုင်မလဲ။တိုင်းရင်းသားတွေပြည်သူလူထုတွေဖြစ်ချင်တာကဖက်ဒရယ်ဒီမိုကရေစီဖြစ်ချင်တာ။လိုချင်တာအဖွဲ့အစည်းတိုင်းတူတယ်။ပြည်သူလူထုကလည်းလိုချင်တာအတူတူပါဘဲ။ဒါပေမယ့်ဖက်ဒရယ်ဒီမိုကရေစီစနစ်ကိုဘယ်လိုပုံဖော်မလဲ။ဘယ်လိုအတူတကွပုံဖော်မလဲ။ဒါလာညှိကြရမှာ။အာဏာဘယ်လိုခွဲကြမလဲ။ဒီဇိုင်းဘယ်လိုလုပ်မှာလဲ။ဖက်ဒရယ်ပြည်ထောင်စုပုံဖော်ရမယ်။

Thai PBS – ဒီပြောနေတဲ့ဟာတွေမင်းအောင်လိူင်နဲ့ဆွေးနွေးပြီးပြီလားဆွေးနွေးဖြစ်လား၊သူနားထောင်လား။

ဗိုလ်ချုပ်ကြီး ယွက်စစ်ဆွေးနွေးတာပေါ့။ ဆွေးနွေးတယ်။ သူနားတော့ နားထောင်တယ် လက်ခံလားဆိုတော့ ခက်ပါတယ်။ (ရယ်လျက်) သူနားတော့နားထောင်တယ်။

Thai PBS – NUG အစိုးရက သတိပေးတာရှိတယ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ သတိထားနော် ဒါက စစ်တပ်ရဲ့ အကြံအစည် ခွဲထုတ်တဲ့ အစီအစဥ် ဟိုအဖွဲ့ဒါယူ ဟိုဟာယူဆိုပြီး တော်လှန်ရေးအင်အားစုတွေ ယုတ်လျော့သွားအောင်လုပ်တယ်ဆိုတာ ဘယ်လိုမြင်သလဲ

ဗိုလ်ချုပ်ကြီး ယွက်စစ်  နှစ်ပေါင်း ၅၀၆၀ တိုက်လာတာ သူတို့ထက်ပိုသိတာပေါ့။ ငါတို့ အချက်အလက်ပိုရှိတာပေါ့။ အမှန်မှာ NUG နဲ့ တပ်မတော်ရဲ့ ပြဿနာဖြစ်တယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ မသက်ဆိုင်ဘူး။ ငါတို့လည်း သူတို့နဲ့ သွားမသက်ဆိုင်ဘူး။ ကျနော်တို့လည်း သူတို့ ဆွေးနွေးတယ်လေ။ ကျနော်တို့ အဖွဲ့တိုင်းနဲ့ ဆွေးနွေးတယ် ဖွင့်ထားတယ်။ NUG နဲ့လည်းဆွေးနွေးတယ်မဆွေးနွေးတာမဟုတ်ဖူး။လက်နက်ကိုင်တော်လှန်လာရခြင်းအကြောင်းအရင်းကဘာလဲပေါ့။စားပွဲပေါ်မှာထိုင်ဆွေးနွေးဖို့အနေအထားမပေးလို့လက်နက်ကိုင်ကြတာပါ။

Thai PBS – ဗိုလ်ချုပ်ကြီး ဘယ်လို သုံးသပ်ပါသလဲ NCA လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေလည်းသွားဆွေးနွေးတာတွေ့တယ်ဝလည်းသွားတယ်။ဘယ်လိုမြင်ပါသလဲ။

ဗိုလ်ချုပ်ကြီး ယွက်စစ်အမှန်တကယ်ကတော့ အဖွဲ့အစည်းတိုင်းနဲ့ အပစ်အခတ်ရပ်စဲထားပြီးပြီ။ ဆန္ဒပြတာတွေဆိုတာ သူတို့အချင်းချင်းကြားထဲက ပြဿနာတွေပါပဲ။ NLD နဲ့ တပ်မတော်ရဲ့ ပြဿနာပါ။ တိုင်းရင်းသားတွေနဲ့ မဆိုင်ပါဘူး။ PDF ကလည်း NLD အဖွဲ့ဥစ္စာပါဘဲ။ပြည်သူတွေကပညာလိုတာကိုးအဖွဲ့အစည်းတိုင်းကလည်းပညာပေးပါတယ်။

Thai PBS – ပြည်တွင်းမှာကျတော့နားထောင်တဲ့သဘောလိုလိုဘာလိုလိုပေါ့၊မင်းအောင်လိူင်ဘက်ကအာဏာသိမ်းတာအာစီယံဘုံသဘောတူညီချက်၅ရပ်ကိုလည်းနားမထောင်ဘူး။ကြိုးပေးသတ်တဲ့ကိစ္စတွေကိုဝေဖန်လည်းသူတို့နားမထောင်ဘူး။မင်းအောင်လိူင်ကိုဘယ်လိုမြင်သလဲ။

ဗိုလ်ချုပ်ကြီး ယွက်စစ်  ဒီတကြိမ်သွားတာအာစီယံဘယ်လိုဖြေရှင်းမလဲ၊နိုင်ငံတကာဘယ်လိုဖြေရှင်းမလဲ၊ပြည်သူလူထုပူဆွေးနေတာဘယ်လိုဖြေရှင်းမလဲ၊တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေလည်းအများကြီးဘဲဘယ်လိုဖြေရှင်းမလဲကျနော်မေးကြည့်တယ်။သူဖြေတာဖြည်းဖြည်းနဲ့သိပ်မရှင်းဘူး။

Thai PBS – သူဘယ်လိုဖြစ်သလဲ ဘာတွေဖြေသလဲ နည်းနည်းပြောပြလို့ရမလား

ဗိုလ်ချုပ်ကြီး ယွက်စစ်သူက ဒီလိုပဲ ရည်ရွယ်ပြီး ဖြေရှင်းတာ။ သူပြောတာက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတိုင်းနဲ့ တွေ့မယ်ပေါ့။ အတတ်နိုင်ဆုံး ကြိုးစားမယ်ပေါ့။ ဖက်ဒရယ်ဲဒီမိုကရေစီစနစ်ကိုလည်း သူလက်ခံတယ်။ မူအားဖြင့် သဘောတူတယ်။ အသေးစိတ်တော့ ထပ်ဆွေးနွေးရမယ်။ NUG ကိုတော့သူကမတွေ့နိုင်ဘူးလို့ပြောတယ်။

Thai PBS – ဒီတကြိမ်သွားတာမျော်လင့်ချက်ပိုရှိလာသလားမေးပါရစေ။

ဗိုလ်ချုပ်ကြီး ယွက်စစ်ကျနော်တို့ NCA ကို လက်မှတ်ထိုးထားပါတယ်။ NCA ဟာ ဘယ်သူ့အဖွဲ့ဟာမှ မဟုတ်ဖူး။ NCA လက်မှတ်ထိုးထားတဲ့ ၁၀ ဖွဲ့၊ အစိုးရပါတယ်၊ ပေါင်းလုပ်ထားကြတာပါ။ မင်းအောင်လိူင် အာဏာသိမ်းတာ ၂၀၀၈ ခြေဥပျက်တယ်လို့ မကြေညာသေးဘူး၊ ပါတီတွေကို ရုပ်သိမ်းတယ်လို့ ဖျက်လိုက်ပြီလို့ ပျက်ပြယ်သွားတယ်လို့ မကြေညာသေးဘူး၊ NCA ပျက်ပျယ်တယ်လို့မကြေညာသေးဘူး။သူတို့အဲ့လိုမကြေညာသေးဘူးဆိုတော့တွေ့ချင်တယ်လို့ကမ်းလှမ်းတာသွားတွေ့ရမှာပေါ့။ကျနော်တို့ဘာမှမမှားဘူး။

Thai PBS – အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ပိုကောင်းလာသလား မကောင်းဘူးလားဆိုတာ ပစ်ခတ်တိုက်ခိုက်မှုအပေါ်မှာဘဲ ကြည့်ရမယ်ဆိုပါစို့၊ လွန်ခဲ့တဲ့ကာလတွေကို ကြည့်မယ်ဆိုရင် တိုက်ပွဲတွေက မြောက်ပိုင်းမှာ ဖြစ်တယ်။ တိုက်ပွဲရဲ့ နောက်ဆုံးအခြေအနေဘယ်လို ရှိသလဲ? ဘာကြောင့်လဲ?

ဗိုလ်ချုပ်ကြီး ယွက်စစ်အခု အဖွဲ့အစည်းတိုင်းနဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်ထားလိုက်ပါတယ်။ (ဘာ့ကြောင့်လဲ?) ကျနော်အပစ်ရပ်ကြေညာလိုက်တယ်လေ။ညှိနှိုင်းဆွေးနွေးကြမယ်ဆိုတော့အခုရပ်ထားလိုက်ဦးပေါ့။ပစ်ကြမယ်ဆိုရင်အရူံးပဲရှိမယ်။ပြီးခဲ့တဲ့ကာလတွေမှာလူထုပဲနစ်နာတယ်။စစ်သည်တွေမသေသင့်ပဲနဲ့သေကြရတယ်။ဒဏ်ရာမရသင့်ဘဲနဲ့ရကြတယ်။ဒီဟာကိုမြင်လို့ကြေညာချက်ထုတ်ရခြင်းဖြစ်တယ်ပြင်ဆင်ရခြင်းဖြစ်တယ်။အဖွဲ့အစည်းတိုင်းနဲ့တွေ့မယ်ပစ်ခတ်တိုက်ခိုက်တာတွေမလုပ်ကြဖို့။

Thai PBS – မင်းအောင်လိူင်နဲ့သွားမဆွေးနွေးခင်တခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့အလွတ်သဘောတွေ့တာရှိလား

ဗိုလ်ချုပ်ကြီး ယွက်စစ်မရှိဘူး။မင်းအောင်လိူင်လည်းကြေညာထားတယ်၂၀၂၂ခုနှစ်ဟာအပစ်အခတ်ရပ်စဲထားပါတယ်ဆိုတာ။တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတိုင်းနဲ့ပေါ့။ဒါလည်းကောင်းပါတယ်။ကျနော်တို့ကလည်းသျှမ်းပြည်ထဲကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတိုင်းနဲ့တွေ့ကြမယ်ညှိမယ်။

Thai PBS – ဗိုလ်ချုပ်ကြီးဘက်က ၄၅ လလို့ သတ်မှတ်ထားတယ် ရည်မှန်းချက်ပန်းတိုင်ချထားတာ ဘာလဲ

ဗိုလ်ချုပ်ကြီး ယွက်စစ်ခန့်မှန်းလို့တော့ ခက်တယ်။ စပြီးတော့ ကြေညာစဘဲ ရှိသေးတယ်။ ၄၅လဆိုတာအခြေအနေကြည့်ကြဦးမယ်။ကျနော်စောကပြောသလိုဘဲစာထုတ်ပြီးတဲ့နောက်မှာကိုယ်စားလှယ်တွေစေလွတ်မယ်။ဆွေးနွေးဖို့အခြေအနေရှိရင်လာစုကြမယ်။ငြိမ်းချမ်းရေးဘယ်လိုလုပ်ကြမလဲ။တိုင်းပြည်ပြဿနာကိုဘယ်လိုအတူတူဖြေရှင်းကြမလဲ။

Thai PBS – စစ်တပ်ကိုကြည့်မယ်ဆိုရင်ဘယ်အရာကသူတို့အတွက်စိန်ခေါ်မှုလဲ။တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကြားမှာငြိမ်းချမ်းရေးရဖို့အတွက်ကဘယ်အရာကစိန်ခေါ်မှုဖြစ်သလဲ။

ဗိုလ်ချုပ်ကြီး ယွက်စစ်ခုနက ပြောသလိုပါဘဲ အာဏာသိမ်းတဲ့ အခေါက်တိုင်းက ဗမာတွေကြီးဘဲ အာဏာသိမ်းတာ။ အဲ့ဒါနံပါတ် ၁ အချက်။ ၁၉၄၈ ခုနှစ်ကတည်းက တိုင်းပြည်မဖွံ့ဖြိုးမတိုးတက်ရခြင်း အကြောင်းအရင်းက နိုင်ငံခေါင်းဆောင်ကြောင့် ဖြစ်တယ်။ နိုင်ငံခေါင်းဆောင်တွေ ကိုယ်ကျင့်တရား အားနည်းတယ်။ မရှိဘူး။ အာဏာကိုလည်း သူတို့အတွက်ပဲ ထားချင်တယ်။ ဒီဟာက ပြဿနာဖြစ်တယ်။ အစိုးရအဆက်ဆက်ဟာလည်း ဗမာလူမျိုးအများစု ဖြစ်တယ်။ (လူမျိုးကြီးဝါဒ ကြီးစိုးရေးကြောင့်ဖြစ်တယ်)။ တိုင်းရင်းသားတွေဆိုတာ ဝန်းရံတဲ့အဆင့်လောက်ပဲထားတာ။ တိုင်းရင်းသားလူနည်းစုတွေကို အာဏာမပေးဘူး။ အတူတကွနေလာကြတဲ့အထဲမှာ သျှမ်းအမျိုးသားတွေ သက်သေရှိတယ်။ ပင်လုံစာချုပ် ရှင်းပါတယ်။ ပင်လုံစာချုပ် ဘာလို့ ရှိလာရတာလဲ တပြည်ထဲက မဟုတ်တဲ့အတွက်ပေါ့ (ပူးပေါင်းစာချုပ်ကိုဆိုလို)။ ပြည်ထောင်စုလုပ်ဖို့အတွက် လာပူးပေါင်းကြတာဖြစ်တယ်။ သူတို့ဘက်က အာဏာသိမ်းဖို့ ကြိုးစားတယ်။ နိုင်ငံတွေ/စတိတ်တွေဘယ်နှစ်ခုဆိုတာလာပူးပေါင်းကြတာ။အကုန်ဖျောက်လိုက်တယ်။သမိုင်းတွေလည်းဖျက်စီးလိုက်တယ်။စာပေ၊ဒီတော့ဘယ်လိုလုပ်ပြီးအတူတူနေကြမလဲ။ကိုယ်ကျင့်တရားမရှိဘူးဆိုရင်တရားမျှတမှုမရှိဘူးဆိုရင်တော်လှန်မှုကရှိလာမှာပါဘဲ။မပျောက်သွားနိုင်ဘူး။

Thai PBS – မင်းအောင်လိူင်ကို နိုင်ငံတကာအပြင်ဘက်က ပြဿနာလုပ်တဲ့သူ အာဏာသိမ်းတဲ့သူ ဗိုလ်ချုပ်ကြီး သွားတွေ့တော့ သူဘယ်လို လူစားမျိုးလဲ?

ဗိုလ်ချုပ်ကြီး ယွက်စစ်ခန့်မှန်းရခက်တယ်။မျက်နာမြင်ပေမယ့်အတွင်းစိတ်ကိုမသိနိုင်ဘူးပေါ့။သူငယ်ချင်းလိုပါဘဲ။စကားတော့ကောင်းကောင်းပြောတယ်အာဏာရှင်ဆန်ဆန်တော့မပြဘူး။စိတ်ကတော့ဘယ်လိုရှိသလဲမသိဘူးပေါ့။သူ့ဘက်ကလည်းမူအားဖြင့်သဘောတူတယ်ပေါ့။

Thai PBS – ငြိမ်းချမ်းရေးအကြောင်း ဆွေးနွေးကြတော့ သူ့ကို ၃၄ခုလောက်မေးဖြစ်သလား၊မူအားဖြင့်သဘောတူတဲ့အပြင်လက်ခံပြောဆိုတာတခုခုအတိအကျပြောတာရှိလား

ဗိုလ်ချုပ်ကြီး ယွက်စစ်သူပြောတာတွေသိပ်မရှင်းလင်းဘူး။ကျယ်ကျယ်ပြန့်ပြန့်ပဲဖြေတယ်။အာစီယံလာတွေ့တာလည်းဘယ်လိုဆွေးနွေးကြလဲမသိဘူး။သတင်းတွေကနေသုံးသပ်ကြည့်ရမယ်ဆိုရင်အာစီယံလည်းစစ်မှန်တဲ့အချက်အလက်မရှိဘူးထင်တယ်။သူတို့သွားညှိတာ၃ခုရှိတယ်။အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်တောင်းတယ်။နိုင်ငံရေးအကျဥ်းသားတွေကျောင်းသားတွေကိုလွတ်ပေးဖို့ရယ်။အပစ်အခတ်ရပ်စဲဖို့ရယ်။အဲ့ဒါတွေကတောင်းဆိုတာပါ။ပြဿနာဖြေရှင်းတဲ့ပုံစံမဟုတ်သေးဘူး။ပြဿနာတကယ်ပြေလည်စေချင်တယ်ဆိုရင်အာစီယံကဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့တာနဲ့ပြေလည်သွားမလားမပြေလည်နိုင်ပါဘူး။အာစီယံအနေနဲ့ပထမဦးဆုံးအဖွဲ့တခုဖွဲ့ပြီးတိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့တွေ့ရမယ်။ပါတီတွေနဲ့တွေ့ရမယ်။ပြည်သူလူထုနဲ့တွေ့ပါ။မင်းအောင်လိူင်နဲ့တွေ့ပါ။အဖွဲ့တိုင်းနဲ့တွေ့ပြီးရင်အချက်အလက်တွေလာကြည့်အားလုံးစုပြီးလာတွေ့ကြဘယ်လိုပြဿနာဖြေရှင်းမလဲ၊မင်းအောင်လိူင်နဲ့ဒေါ်အောင်ဆန်းကြည်ကိုဘဲတွေ့မယ်ဆိုရင်ပြဿနာမပြေလည်သွားနိုင်ပါဘူး၊ပြဿနာကအဲ့ထက်နက်ရိူင်းပါတယ်နှစ်ပေါင်း၇၀ကျော်ပါပြီ။အဖွဲ့အစည်းအားလုံးနဲ့တွေ့ရမယ်။

မှတ်ချက်။ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၁၇) ရက်နေ့က Thai PBS နှင့် RCSS/SSA ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်တို့ ထိုင်းဘာသာ အင်တာဗျုးကို HsanLoiVoice ကအနီးစပ်ဆုံးဘာသာပြန်ပါသည်။

#HsanLoiVoice