နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

တာမိုးညဲမြို့တွင် MNDAA အဖွဲ့မှ တပ်သားသစ်စုဆောင်းရင်း ဒေသခံပြည်သူတစ်ဦးအား သေနတ်ဖြင့်ပစ်သတ်ဟုဆို

တာမိုးညဲမြို့တွင် MNDAA အဖွဲ့မှ တပ်သားသစ်စုဆောင်းရင်း ဒေသခံပြည်သူတစ်ဦးအား သေနတ်ဖြင့်ပစ်သတ်ဟုဆို

Hsan Loi Editor
01/09/2023
Share:

 

၂၀၂၃ ခုနှစ် ဩဂုတ်လ (၃၀) ရက်နေ့ ည (၈) နာရီခန့်က သျှမ်းပြည်နယ်မြောက်ပိုင်း တာမိုးညဲမြို့တွင် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ် (MNDAA) – ကိုးကန့်အဖွဲ့သည် တာမိုးညဲမြို့၊ ရပ်ကွက် (၂) ရှိ နေအိမ်တစ်အိမ်ကို တပ်သားသစ်စုဆောင်းရန် ဝင်ရောက်စဉ် ဒေသခံပြည်သူတစ်ဦးအား သေနတ်ဖြင့် ပစ်သတ်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်အရ တာမိုးညဲမြို့ရှိ ကချင်တိုင်းရင်းသားညီအစ်ကို (၂) ဦး နေထိုင်သော အိမ်အတွင်း အဓမ္မဝင်ရောက်ဖမ်းဆီးရင်း ရုန်းရင်းဆန်ခတ်ဖြစ်ပြီး MNDAA တပ်သားမှ သေနတ်ဖြင့်ပစ်ခတ်ခဲ့ပြီး တစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

သေဆုံးသူများသည် ညီအကို (၂) ဦးမှ ညီဖြစ်သူ အသက် (၂၁) နှစ်အရွယ် အမျိုးသားလူငယ်တစ်ဦးဖြစ်ကာ ဘယ်ဖက်ရင်ဘတ်ကို သေနတ်ထိမှန်ပြီး နေအိမ်တွင်ပင်သေဆုံးခဲ့ခြင်းဖြစ်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ MNDAA မှ တစ်စုံတစ်ရာထုတ်ပြန်လာခြင်းမရှိသေးကြောင်း သတင်းရရှိသည်။