သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အတွင်းရှိ ကားကြီးဝပ်ရှော့လုပ်ငန်းရှင်များအား KIO/KIA မှ အခွန်ကောက်ခံသည့် ငွေတောင်းခံစာများ ပေးပို့

သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အတွင်းရှိ ကားကြီးဝပ်ရှော့လုပ်ငန်းရှင်များအား KIO/KIA မှ အခွန်ကောက်ခံသည့် ငွေတောင်းခံစာများ ပေးပို့

Hsan Loi Editor
31/08/2023
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် စီးပွားရေးလုပ်ငန်းရှင်များထံ လက်နက်ကိုင်အဖွဲ့အစည်း များစွာ၏ အမျိုးမျိုးသော ခေါင်းစဉ်ဖြင့် ငွေညစ်တောင်းဆိုမှုများ မကြာခဏဖြစ်ပေါ်လျက်ရှိသည်။ အဖွဲ့အစည်းတစ်ခုတည်းကိုသာ ပေးဆောင်ရခြင်းမဟုတ်ဘဲ တစ်ဖွဲ့ကိုပေးပြီးပါက နောက်ထပ်တစ်ဖွဲ့မှ ငွေတောင်းခံလွှာများပေးပို့ပြီး ခြိမ်းခြောက်မှုများကြောင့် အဖွဲ့အစည်းတိုင်းကို ပေးဆောင်နေရခြင်းဖြစ်သည်။

ယခုအခါ KIO/KIA အဖွဲ့မှလည်း သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အတွင်းရှိ ကားကြီးဝပ်ရှော့လုပ်ငန်းရှင်များအား အခွန်ကောက်ခံသည့် ငွေတောင်းခံစာများ ပေးပို့ခဲ့ကြောင်း သတင်းရရှိသည်။

၎င်းတို့၏ ငွေတောင်းခံလွှာတွင် (KIO/KIA) နမ့်ဖတ်ကာခရိုင်နှင့် ကေအိုင်အေတပ်ရင်း (၈) တို့၏ စစ်ရေး၊ အုပ်ချုပ်ရေး လှုပ်ရှားနယ်မြေများဖြစ်သည့် လားရှိုးမြို့အတွင်း ကားကြီးဝပ်ရှော့လုပ်ငန်းရှင်များ အပေါ် မိမိတို့နမ့်ဖတ်ကာခရိုင်မှ စည်းကြပ်အခွန်ငွေများ ကောက်ခံမည်ဖြစ်ပါသည်။ ၎င်းအခွန်ငွေကို ရက်စွဲ (၂၁.၈.၂၃) နောက်ဆုံးထား မပျက်မကွက် လာရောက်ညှိနှိုင်းပေးဆောင်ရန် အကြောင်းကြားလိုက်သည်။ မှတ်ချက်- မလိုလားအပ်သည့် ပြဿနာ မဖြစ်ပေါ်စေရန် သတ်မှတ်ရက်အတွင်း အခွန်ထမ်းဆောင်ရန်။ ဟူ၍ ရေးသားထားသည်ကို တွေ့ရသည်။

သျှမ်းပြည်နယ်မြောက်ပိုင်းသည် လက်နက်ကိုင်အဖွဲ့များ၏ ငွေညစ်တောင်းဆိုဖို့ကောင်းသော နေရာတစ်ခုဖြစ်နေပြီလားဆိုသည်ကတော့ …………….