သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

တောင်ကြီး တွင်စစ်ကောင်စီလုံခြုံရေးတစ်ဦး တိုက်ပေါ်ပြုတ်ကျသေဆုံး

တောင်ကြီး တွင်စစ်ကောင်စီလုံခြုံရေးတစ်ဦး တိုက်ပေါ်ပြုတ်ကျသေဆုံး

Hsan Loi Editor
25/08/2023
Share:

 

တောင်ကြီးမြို အနောက်မြု့ပတ်လမ်းပေါ်ရှိ Mytel ရုံးတွင် ယနေ့နံနက်ပိုင်းကစစ်ကောင်စီလုံခြုံရေး
တစ်ဦး တိုက်ပေါ်ပြုတ်ကျသေဆုံးသွားကြောင်း တောင်ကြီးမြိုခံ တစ်ချို့၏ လူမှုကွန်ရက်စာမျက်နှာများမှ တစ်ဆင့် သိရသည်။

“ ကျွန်တော်က ကလေးကျောင်းသွားပို့တော့ Mytel ရုံးရှေ့မှာ လူတွေအုံ နေတာနဲ့ ကြည့်လိုက်တာ ၃ လွှာပေါ်ကပြုတ်ကျတာလို့ပြောတယ် ၊ Mytel ဝန်ထမ်းတွေထဲကတော့မဟုတ်ဘူး လို့ရုံးဝန်ထမ်းတွေကပြောတယ် အဲ့ဒီရုံးမှာ လုံခြုံရေး ယူနေတဲ့ ရဲလား စစ်သားလား တစ်ခုခုပဲ ဘယ်သူမှလဲမထိ ရဲဘူး ” ဟု မျက်မြင်တွေ့ ရှိသူ မြို့ခံတစ်ဦးက HsanLoiVoice သို့ပြောသည်။

တိုက်ပေါ်မှပြုတ်ကျသေဆုံးသူ၏ အောက်ပိုင်း သည် ဝတ်လစ်စလစ်ဖြစ်နေပြီး အသက် ၂၅ အရွယ်ဝန်းကျင်အရွယ်သာရှိသေးသည့် အမျိုးသားတစ်ဦး ဖြစ်ပြီး ပြုတ်ကျသည့် နေရာသည်လည်း သံချောင်းများဖြင့် ပြုလုပ်ထားသည့် သံချွန်တံခါးတည့်တည့်ဖြစ်သည်ဟု ၄င်းကဆက်လက်ပြောပြသည။

အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ၄င်း Mytel ရုံးပေါ်
တွင် ရဲနှင့် စစ်သားများ အရပ်ဝတ်ဖြင့် လုံခြုံရေး
ယူထားကြောင်း မြို့ခံများ၏ ပြောကြားချက်များအရ သိရသည်။