နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

မူဆယ်-နမ့်ခမ်း မြို့နယ် သျှမ်းရွာများအတွင်း TNLA အဖွဲ့မှ လက်နက်အပြည့်အစုံ ယူနီဖောင်းအပြည့်အစုံဖြင့် လူနေအိမ်ပေါ် တက်နေမှုကြောင့် ဒေသခံများစိုးရိမ်ထိတ်လန့်နေ

မူဆယ်-နမ့်ခမ်း မြို့နယ် သျှမ်းရွာများအတွင်း TNLA အဖွဲ့မှ လက်နက်အပြည့်အစုံ ယူနီဖောင်းအပြည့်အစုံဖြင့် လူနေအိမ်ပေါ် တက်နေမှုကြောင့် ဒေသခံများစိုးရိမ်ထိတ်လန့်နေ

Hsan Loi Editor
24/08/2023
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်-နမ့်ခမ်း ကားလမ်းမကြီးနှင့်မလှမ်းမကမ်းရှိ သျှမ်းရွာများအတွင်း TNLA အဖွဲ့မှ ယူနီဖောင်းအပြည့်အစုံ လက်နက်အပြည့်အစုံဖြင့် လူနေအိမ်များအပေါ် တက်နေခြင်း၊ ညအိပ်ခြင်းများ ပြုလုပ်နေမှုကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်လျက်ရှိကြောင်း သတင်းရရှိသည်။

သျှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်တွင် TNLA အဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး TNLA အဖွဲ့မှ ပြည်သူလူထုများနေထိုင်သော ကျေးရွာအတွင်း ဝင်ရောက်မှုကြောင့် ကျေးရွာထိခိုက်မည်ကို စိုးရိမ်နေကြကြောင်း ဒေသခံများက ပြောပြသည်။

“ဇယ်လန့်ဘက်မှာ တိုက်ပွဲဖြစ်ကတည်းက TNLA တွေက ရွာတွေကို ဝင်ဝင်ပုန်းကြတယ်။ စစ်ကောင်စီတပ်သားတွေလည်း ရွာသားတွေကို TNLA တွေထဲဝင်တာကို လက်ခံထားရင်ဖြစ်ဖြစ် ထမင်းကျွေးထားရင်ဖြစ်ဖြစ် ထောက်ပံ့တာဖြစ်ဖြစ်လုပ်ရင် ရွာကို မီးရှို့မယ်လို့ ကြိမ်းမောင်းထားတယ်။ အဲ့ဒါကြောင့် ရွာသားတွေက စိုးရိမ်ကြတယ်။ ဒါပေမယ့် TNLA တွေ ရွာထဲဝင်မလာဖို့ ပြောလို့လည်း မရဘူး။ ညဘက်တွေအထိ လူနေအိမ်တွေထဲမှာဝင်အိပ်ကြတယ်။ ထမင်းတွေတောင်ချက်ကျွေးခိုင်းကြသေးတယ်။” ဟု မူဆယ်မြို့နယ် ကျေးရွာတစ်ရွာမှ အမည်မဖော်လိုသူတစ်ဦးက ပြောပြသည်။

လွန်ခဲ့သော အပတ်ကလည်း TNLA အဖွဲ့က မူဆယ်မြို့နယ် ဇယ်လန့်ကျေးရွာရှိ သျှမ်းဧကရာဇ် စဝ်ဆေခန်ဖ၏ ကျူံးမြို့ရိုးအား ဘူဒိုဇာဖြင့် ညဘက်လူအိပ်ချိန်တွင် ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သေးသည်။