ယနေ့ ဩဂုတ်လ (၂၃) ရက်နေ့ နံနက် (၇ နာရီ ၃၀ မိနစ်) ခန့်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ဇီးပင်ကွင်းအုပ်စု၊ တောင်အုတ်ပုံရွာအနီးတွင် ဘင်္ဂါလီလူမျိုး (၂၇) ဦး တင်ဆောင်လာသော ဖောကားတစ်စီးအား စစ်ကောင်စီအဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
ယာဉ်မောင်းဖြစ်သူ (၂) ဦး အပါအဝင် ဘင်္ဂါလီလူမျိုး ကျား (၂၁) ဦး၊ မ (၆) တို့အား ကြံခင်းမြို့နယ်တွင် ဖမ်းဆီးထားကြောင်း ကနဦးသိရသည်။
