သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

အွန်လိုင်းလိမ်လည်သူတရုတ်နိုင်ငံသား (၂) ဦးအား မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တရုတ်နိုင်ငံရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့ဟုဆို

အွန်လိုင်းလိမ်လည်သူတရုတ်နိုင်ငံသား (၂) ဦးအား မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တရုတ်နိုင်ငံရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့ဟုဆို

Hsan Loi Editor
23/08/2023
Share:

 

ယနေ့ ဩဂုတ်လ (၂၃) ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီ၏ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တရုတ်နိုင်ငံရဲတပ်ဖွဲ့ထံ အွန်လိုင်းလိမ်လည်သူတရုတ်နိုင်ငံသား (၂) ဦးအား လွှဲပြောင်းပေးခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ခဲ့သည်။ အွန်လိုင်းလိမ်လည်သူ (၂) ဦးအား ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတဆင့် တရုတ်နိုင်ငံသို့ ဖမ်းဆီးပို့ဆောင်သည်ဟု ဖော်ပြထားသည်။

 

၎င်းတို့ (၂) ဦးသည် လိမ်လည်သည့်ပြစ်မှုကျူးလွန်ကြောင်း သံသယရှိသူဖြစ်ပြီး အဆိုပါ (၂) ဦးအနက် (၁) ဦးသည် လောင်းကစားနှင့်လိမ်လည်မှုအဖွဲ့၏ အဖွဲ့ခေါင်းဆောင်ဖြစ်ကြောင်း သိရသည်။

 

မြန်မာနိုင်ငံရှိ နယ်စပ်မြို့များဖြစ်သည့် မူဆယ်၊ တာချီလိတ်၊ မိုင်းလား၊ လောက်ကိုင်၊ မြဝတီမြို့များတွင် အဆိုပါအွန်လိုင်းလိမ်လည်သည့်အဖွဲ့. (ကြားဖျံ) များစွာ ရှိနေသည်မှ ကြာပြီဖြစ်သော်လည်း ထိရောက်သည့် ဖမ်းဆီးအရေးယူနိုင်မှုများ မတွေ့ရပါ။ မြန်မာနိုင်ငံသားများစွာလည်း အဆိုပါ အွန်လိုင်းဂိမ်းလိမ်လည်မှုများကြောင့် ဘဝပျက်ကြသော မိသားစုများစွာရှိကြောင်း သိရသည်။